ep4

226 24 29
                                    

#uni

Kim Jennie .....
ဟုတ်ပါသည် ဟွာရန်းပြည်ရဲ့ မင်းသမီးလေးတစ်ပါး တစ်နည်းအားဖြင့် ဘုရင်မင်းမြတ်၏
အချစ်ဆုံး နန်းတော်တစ်ခုလုံး၏ မနိုင်စိန်
မိရရားခေါင်ကြီး၏ အငယ်ဆုံးသမီးတော်

တခြားသော မိန်းမပျိုများကဲ့သို့
သိမ်သိမ်မွေ့‌မွေ့ မရှိ စစ်မက်ရေးရာများအား စိတ်ဝင်စားပြီး စာပေ၌လည်း ထူးချွန်သူတစ်ယောက် လွတ်လွတ်လပ်လပ်သာနေချင်၍
တင်းကျပ်လှတဲ့ နန်းတော်စည်းကမ်များကိုလည်း ခဏခဏ ချိုးဖောက်တတ်သူ

ယခုလည်း တိုင်းပြည်၏ ပွဲတော်နေ့ဖြစ်တာကြောင့် အားကိုးရသည့် သက်တော်စောင့်လီနှင့်အတူ နန်းတော်အပြင်သို့ ခိုးထွက်ခဲ့ခြင်းပင်

သွားလိုသည့် အဆောက်အဦးလေးသို့အဝင်
မမြင်မိဘဲ ဝင်တိုက်မိသည့် လူတစ်ယောက်
တောင်းပန်စကားတော့မဆိုလိုက်မိ
မိမိလို အရှင်မင်းသမီးတစ်ယောက်က
ကိုယ်မှားမှားမှန်မှန် မည်သူ့ကိုမှ
တောင်းပန်နေမည်မဟုတ်

‌ငွေအသပြာများ၏ ကျေးဇူးဖြင့် ကစင် ပေါ်၌ ဖျော်ဖြေမည့် မိန်းမပျိုလေးအား ကောင်းစွာ
မြင်ရသည့် စားပွဲဝိုင်းလေး၌ ထိုင်ခွင့်ရ၏

မကြာမီ တီလုံးသံများ ထွက်ပေါ်လာပြီး
ကစဉ်ပေါ်သို့ လှပခန့်ညားစွာ တက်လာသော မိန်းမပျိုလေးတစ်ဦး
ထိုမိန်းမပျိုလေးမှာ သိပ်ကိုလှပါ၏
နှစ်စဉ်နှစ်တိုင်း လာရောက်ကြည့်ရှုခဲ့ပေမဲ့
ထိုမိန်းမပျိုလေးကိုတော့ ဒီ ဆောင်ကြောမြိုင်၌ တစ်ခါမျှပင် မတွေ့ဖူး

သံစဉ်နှင့်အတူ စီးမျှော ကခုန်နေသည့် ထိုမိန်းမပျိုလေးအား မျက်တောင်မခတ်
ကြည့်နေမိတာ အမှန်
သူမ၏ သေးသွယ်လှ သည့် လက်ချောင်းလေးများ ပုဝါစ‌ေလးအောက်က မြင်နေရသည့် သူမမျက်နှာသွယ်သွယ်လေး

ထိုမိန်းကလေး ကသည့် ကကွက်များကတော့
မိမိအတွက် ထူးဆန်နေတာ အမှန်
ထိုမိန်းမပျိုက ဒီဟွာရန်းပြည်ကရော
ဟုတ်ပေရဲ့လားပင်မသိ
မည်သို့ပင်ဖြစ်စေ လှပ လှပါသည်
ကကွက်များကပဲလား ဒါမှ မဟုတ်
အကပိုင်ရှင်သည်ပဲလား

ရုတ်တရက် ကပွဲစင်မှ ဆင်းကာ ပွဲကြည့်သူများအနီး ကပြဖျော်ဖြေနေသည့်
ထိုမိန်းကလေး မိမိနားသို့ရောက်လာစဉ်တွင်တော့ အသက်ပင် ရှုဖို့မေ့သွားခဲ့သည်ထင်

My QueenWhere stories live. Discover now