ep1(U+Z)

293 33 11
                                    

#uni

မိုးသံလျှပ်သံတွေနဲ့ပြည့်နှက်နေတဲ့လပြည့်ညတစ်ည

တော်ဝင် သားဖွားဆောင်မှာတော့
အိမ်ရှေ့စံမိဖုရားရဲ့ နာကျင်လို့အော်နေတဲ့အသံများသာဖုံးလွှမ်းလို့နေသည်

"နောက်ထပ် နည်းနည်းလေးပဲ ညစ်လိုက်ရင် ရပါပြီ"

သားဖွားသူမှာလည်း ချွေးတွေရွှဲလို့
စိုးရိမ်သံလေးဖြင့်ပြောလာသံများ

မိဖုရားရဲ့ အထိန်းတော်ဖြစ်သူကတော့
အဝတ်စ ပါဝါလေးဖြင့် မိဖုရားမျက်နှာတော်ထက်က ချွေးများအားသုတ်ပေးနေကာ အားပေးစကားပြောနေလေရဲ့

"အူငဲ.... အူငဲ...အူငဲ.."

မိဖုရားရဲ့ အသံဆုံးအော်သံနှင့်အတူ
မွေးဖွားလာသောတော်ဝင်သွေးသားလေး

"ဂုဏ်ယူပါတယ်မိဖုရား မင်သားလေးဖွားမြင်ကြောင်းပါ"

မိဖုရားမှာတော့ မိခင်စိတ်ပြည့်နေသောမျက်ဝန်းများဖြင့်သားတော်ဖြစ်သူအား
ကြည့်နေလေရဲ့
ထို့နောက်မိုးချိန်းသံနှင့်အတူ
ဗိုက်ထဲက ထပ်နာကျင်လာသောခံစားချက်
ကြောင့် ထွက်ပေါ်လာသော မိဖုရားရဲ့အော်သံ

"အ...အင့်...အားးး."

"မယ်မယ်"

အပျိုတော်များနှင့် သားဖွားသူမှာလဲ ပျာယာခက်စွာဖြင့်

ထို့နောက်လူ့လောကသို့ရောက်ရှိလာသော
တော်ဝင်သွေးသား​လေးတစ်ဦး

.........

နန်းတော်ဆောင်ခန်းမထဲမှာတော့ ပုလ္လင်ပေါ်ထိုင်နေသောမင်းကြီး ဒူးထောက်နေသော အိမ်ရှေ့စံမင်သား နှင့်ခပ်လှမ်းလှမ်းတွင်ရပ်နေသောမိဖုရား၏ဖခင်တော်

"တော်ဝင်သွေးထဲမှာ အမွှာမွေးတယ်ဆိုတာ လုံးဝမဖြစ်သင့်တာပဲ
မိန်းကလေးတစ်ယောက်နဲ့ တစ်ဝမ်းတည်းအတူနေခဲ့ရတဲ့မင်းသားကို ဘယ်သူကလက်ခံနိုင်မှာလဲ"

"ဒါပေမဲ့.. ခမည်းတော်ဘုရား"

"ငါ့ကို ထီးနန်းရအောင် အားထုတ်ပေးခဲ့တဲ့ မောင်မင်းရဲ့ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ မောင်မင်းရဲ့သမီးကိုအိမ်ရှေ့စံမိဖုရားအဖြစ် လက်ခံပေးခဲ့တယ် အခု ဒီအရှုပ်ထုပ်ကို ဘယ်လိုရှင်းကြတော့မလဲ ငါရဲ့ဖြစ်တည်မှုကခြိမ်းခြောက်စရာဖြစ်လာခဲ့ရင် မောင်မင်းရော ငါ့ဘက်မှာနေတဲ့သူအကုန် အသက်နဲ့ပေးဆပ်ရမှာ အဲ့တာကိုသိထားပြီးသားမဟုတ်ပါလား"

My QueenWhere stories live. Discover now