ep3

304 29 14
                                    

#uni

"အခုက စပြီး မင်းက...မြေးတော်မင်းသားလေးလီယောင်းပဲ.....သေချာပေါက်..ဘယ်သူ့ကိုမှ ဒီအကြောင်းပြောပြလို့မဖြစ်ဘူး...သေတဲ့အထိ..ဒီအကြောင်းကို ဘယ်သူ့မှမပြောဘဲ..နေသွားရမယ်...ပြောတာကို..နားလည်ရဲ့လား..."

"ရှင်"

ထိုနေ့မှသည်..ဒါမီဆိုသောမိန်းကလေးမှာ...
မိခင်ဖြစ်သူ၏....ပြောပြချက်အရ..အတိတ်ကအကြောင်းစုံကိုသိရှိရကာ..မိခင်ဖြစ်သူ၏..တင်းကြပ်လွန်းသည့်..စည်းကမ်းတွေအောက်၌သာ..မိမိဘဝအမှန်ကိုဖုံးကွယ်ရင်းယောက်ျား​လေးတစ်ယောက်လို..နေထိုင်ခဲ့ရကာ..သွေးအေးလွန်းတဲ့သူတစ်ယောက်အနေဖြင့်ကြီးပြင်ခဲ့တော့သည်

အချိန်တွေ တဖြေးဖြေးကုန်ဆုံးလာသည်နဲ့အမျှ...မိဖုရားမှာ..နာမကျန်ဖြစ်မှုကြောင့်ဆုံးသွားခဲ့ရာ...လီယောင်းလေးမှာအားကိုးဖွယ်
မရှိ..တစ်ယောက်တည်း..အထီးကျန်စွာရှင်သန်ခဲ့ရတော့သည်..အဖော်အဖြစ်တော့ငယ်ပေါင်း..ဘို့ဒုံလေးသာ..
မကြာခင် ဘိုးတော်မင်းကြီး..နတ်ရွာစံတော်မူ၍...အိမ်ရှေ့စံမင်သားတစ်နည်းအားဖြင့်
လီယောင်းလေးရဲ့ခမည်းတော်မှာ နန်းတက်လေသည်...လီယောင်းလေးမှာလည်း..
အိမ်ရှေ့စံရာထူး..အပ်နှင်းခံရပြီး မကြာမီခမည်းတော်ဖြစ်သူနှင့်မိထွေးတော်မိဖုရားတို့မှ..သားဦးလေးဖွားမြင်ခဲ့တော့သည်
ထိုကလေး၏အမည်ကား..လီအန်း
ထိုအချိန်မှစ၍ နန်းတော်တွင်း၌ အဖွဲ့နှစ်ဖွဲကွဲသွားတော့သည်.........

.......................

ယခုဆိုလျှင် လီယောင်းလေး၏ အသက်သည် 20နှစ်အတွင်းသို့ဝင်ရောက်လာပြီဖြစ်သည်..

"အရှင့်သား"

"ကျစ်.."

ယခုလီယောင်းနှင့်ဘို့ဒုံမှာ မိခင်တိုင်းပြည်မဟုတ်သော အိမ်နီးချင်းတိုင်းပြည်ဖြစ်သည့် ဟွာရန်းပြည်သို့ရောက်ရှိနေခြင်းဖြစ်သည်
အကြောင်းမှာ မိမိမြေ၌ မူးယစ်စွဲလမ်းစေသော ဆေးများအပြင် လက်နက်ခဲယမ်းတို့အား​ မှောင်ခိုရောင်းဝယ်ဖောက်ကား၍ စျေးကွက်ကိုအုပ်စိုးနေသော ကုန်သည်တွေ၏ ကြိုးကိုင်သူအားစုံစမ်းရန်..
ခမည်းတော်ဖြစ်သူမင်းကြီးမှ လျှို့ဝှက်တာဝန်ပေးသောကြောင့်ပင်..ထိုသူအားခြေရာခံရာ ဟွာရန်းပြည်သားတစ်ယောက်ဖြစ်ကြောင်း သဲလွန်စရ၍ ဟွားရန်းပြည်သို့ရောက်လာခြင်းပင်...
တစ်ပါးသောပြည်၌ဖြစ်တာကြောင့်
မိမိသရုပ်မှန်ပေါ်သွားပါက မလိုအပ်သောပြဿနာများ ဖြစ်လာနိုင်သည့်အပြင်
လုပ်ကြံတိုက်ခိုက်သူများနှင့်ပါ တွေ့နိုင်သောကြောင့် မိမိအား အရှင့်သားလို့မခေါ်ရန်အကြိမ်ကြိမ်သတိပေးခဲ့သည့်ကြားက
ခေါ်လာသောဘို့ဒုံအား ဖြတ်ရိုက်လိုက်ချင်ပါသည်

My QueenOnde as histórias ganham vida. Descobre agora