မေသင်းကြိုင်သည် အရောင်စုံလေးတွေခြယ်မှုန်းရသည်ကို ကြိုက်နှစ်သက်သည်။

ကိုယ့်စိတ်ကူးထဲမှ ပုံရိပ်တွေကို အပြင်၌ပုံဖော်ဆွဲရတာကြိုက်သည်။

ထိုကြောင့် ပုံဆွဲနေရချိန်သူမပျော်သည်။

ပုံဆွဲပြီးကြချိန်
လှနုမှ

"ပျင်းတယိ အပြင်မှာထွက်ကစားရအောင်"

ထိုသို့ဖြင့် သူတို့အားလုံးထရပ်ကာ အိမ်အောက်ဆင်းလာကြသည်။

လှနုသည် ပျင်းရိနေ၍ မိကြိုင်နောက်မှ လေးတွဲစွာလိုက်လာပြီး လှေကားအတက်အဆင်း‌တွင်တော့

"ဟင် မေသင်းကြိုင် ဖင်မှာသွေးတွေနဲ့ အီး...."

လှနု မျက်လုံးလေးပြူး၍အော်လိုက်ချိန် မေသင်းကြိုင်လည်းသူမနောက်ဘက်ကိုလှည့်ကြည့်သလို ထူးသာရောကျော်ရာဇာပါ သူမတို့နားရောက်လာကြသည်။

"မိကြိုင်ပြစမ်း"

ထူးသာမှ မေသင်းကြိုင်၏လက်ကိုဆွဲကာ နောက်ကိုလှည့်ခိုင်းလိုက်ချိန် မိကြိုင်၏ဘောင်းဘီအပြာလေးမှအနီကွက်ကြီးဖြစ်လို့နေသည်။

"သွေး သွေး...သွေးတေ‌ွ ဟီး...."

မိကြိုင်မှာ လက်၌ကပ်ငြိလာသည့် သွေးများကိုကြည့်ကာ တုန်ရီစွာငိုလေသည်။

ကျော်ရာဇာနှင့် ထူးသာမှာလည်း ပါးစပ်အဟောင်းသားပဲ ကြောင်ကာ သွေးမြင်လိုက်၍ အကုန်လုံးကြောက်နေကြသည်

"မေသင်းကြိုင်သွေးတွေထွက်နေတာဆိုတော့ သေတော့မှာလားမသိဘူး အီး...."

လှနုကပါ သူထင်ရာပြော၍ ထိုင်ချကာငိုတော့သည်။

ထိုအခါ ထူးသာတို့နှစ်ယောက်ပါ ငိုမဲ့မဲ့နှင့် ထူးသာမှ ာမေသင်းကြိုင်ပုခုံးအားဆုပ်ကိုင်ကာ

"မိကြိုင်နင်မသေရဘူး မငိုနဲ့နော် ငါအဆမသင်းကိုသွားခေါ်ပေးမယ် ခနပဲစောင့်"

ထူးသာမှာပြောပြောဆိုဆိုပင် ခြံပြင်သို့ပြေးထွ
က်သွားလေသည်။

"ငထူး နေအုံး ငါလည်းလိုက်မယ် အငယ်မ မေသင်းကြိုင်နဲ့နေခဲ့"

ဆံမြိတ်ချ လှပါပေ့.....Where stories live. Discover now