"" သခင်‌လေး နိုးပြီလားရှင့် ""

အခန်းထဲမှ ထွက်လာသည့် သခင်လေးကို တွေ့သည့်နှင့် မိပု၏ ခြေလှမ်းတို့ကတုံ့ခနဲ့ ရပ်လိုက်ကာ အမြန်ခေါင်းငုံ့လိုက်ရသည် ။

မိပုမှာ အပေါ်ထပ်တတ်သန့်ရှင်းရေးလုပ်ပြီးလို့ အောက်အဆင်း သခင်လေးအခန်းထဲက ထွက်လာသည်နှင့် တိုးလေသည် ။ မိပုမှာဖြင့် ခေါင်းတောင်မမော့ရဲ သူ့ကြောင့်နိုးသွားသည်ဟု တွေးနေမိလို့ပင် ။

' တော်ကြာနေ အဘစံကို ဆုံးမခိုင်းနေမှဖြင့်သေနေအုန်းမယ်။ '

ချန်ဒလာ ခေါင်းတစ်ချက်ငြိမ့်ပြကာ ..

"" လုပ်စရာရှိတာ သွားလုပ်သွား ""

"" ဟုတ် ဟုတ်သခင်လေး ""

"" ခန ! ""

ချန်ဒလာ အခန်းထဲကို မေးငေါ့ပြကာ ..

"" အခန်းထဲက လူကို ခုချက်ချင်းနှိုးပြီး မိပုနဲ့အတူ
ထမင်းချက်ခိုင်း !! ""

"" မလုပ်ပါနဲ့ အစ်ကိုလေးကို .. မိပု တစ်ယောက်ထဲနိုင် ... ""

"" ငါ့ကို အရစ်မရှည်နဲ့ !! ငါ့ခိုင်းရင်
ခိုင်းတဲ့အတိုင်းလုပ် ။ ဒီအိမ်မှာနေရင် သက်သက်သာသာနေရမယ် ထင်မနေနဲ့ ။
ဘယ်သူကိုမှ ငါထမင်းတင်ခေါ်မကျွေးနိုင်ဘူး ။ ""

"" ဟုတ်ကဲ့သခင်လေး ""

သခင်လေးအိမ်ပေါ်တတိယထပ်သို့တတ်သွားသည့် ခြေ‌တစ်ရှပ်ရှပ်အသံကိုကြားသည်နှင့် မိပု၏ ပါးစပ်မှလည်း ..

' အို သူကပဲ ထမင်းတင်မကျွေးနိုင်ဘူးရှိသေး ၊ အလုပ်မလုပ်ပဲနေရင်တောင် ပိုက်ဆံတွေက ရနေတာ သုံးမနိုင် ဖြုန်းမနိုင် သူ့လို အစားပုပ်တဲ့လူ အယောက် ၁၀၀လောက် အိမ်ပေါ်ခေါ်တင်ထားတောင် သခင်လေးတို့ မွဲမသွားပါဘူးတော် '

မိပုတို့ထုံးစံတိုင်း ပွစိပွစိ အသံတို့ဟာ စလာပြီဖြစ်သည်။ပေါ်တင်ကျတော့မပေါ်ရဲပါဘူး ။
သခင်လေးတို့ လက်ညှိုးလေး တစ်ချက်ကွေးလိုက်ရုံဖြင့် သူ့အသက်က ရှာလို့ရမည်တောင်မဟုတ်တော့ ။
အတွေးတွေကို ရပ်ကာ ရှေ့ရှိ အခန်းထဲရှိ လူကိုသာ နှိုးဖို့စရတော့သည် ။

CHANDLER { Ongoing }Where stories live. Discover now