Chapter 7- သံသယ

Start from the beginning
                                    

ကောင်လေး ကြောင်အသွားသည်။

" မုန့်က မင်းအတွက် လက်ဆောင်ပေးတာ.. အိမ်စာကောင်းကောင်းလုပ်နော် ကျောင်းသားလေး"
ရှဲ့လင်က တခြားဘာမှဆက်မပြောပဲ ကောင်လေးကို ခေါင်းပုတ်ကာ ထွက်သွားလေသည်။
"စာကြိုးစား"

ရှဲ့လင်က တံခါးတွန်းဖွင့်ကာ အပြင်ထွက်လာသည်။ ထိုအချိန်တွင် ကောင်းကင်ကြီးတစ်ခုလုံး အမှောင်ကျကာ မိုးသည်းထန်စွာ ရွာတော့မည့်အလား လေထုက စိုထိုင်းနေ၏။

တစ်ချိန်ထဲတွင် ကျိမင်ရွေ့မှာ ချီချင်းလက်ထဲမှ ပေါင်မုန့်လှီးဓားကို စိုက်ကြည့်နေဆဲ။ ဒီမနက်က သူ‌တွေ့ခဲ့သည့် အခင်းဖြစ်စဉ်အတိုင်း ပေါင်မုန့်ကို ဓားနှင့် ထိုးလိုက် ထုတ်လိုက် လုပ်နေသည်။
" တရားခံက ဒီလိုလွှသွားပုံစံ ဓားကို သုံးခဲ့တာ.. ဒီနေရာကနေ ဒီလို... တစ်ချက်ထဲနဲ့ ကြောင်ရဲ့ လည်ပင်းကို ထိုးသွင်းခဲ့တာ"

ချီချင်း : "..."

ကျိမင်ရွေ့က ချီချင်းကို မော့ကြည့်ရင်း ထပ်မေးသည်။
" ဟုတ်တယ်နော်.. အဲ့လို သတ်တာ ဟုတ်တယ်နော်.. မင်းရော ဘယ်လိုထင်လဲ"

ချီချင်းက ‌မိုက်ခရိုဝေ့ဗ်ထဲ ထည့်နွှေးထားသော နို့ခွက်ကို စောင့်နေခြင်း ဖြစ်သည်။
" ငါထင်တာကတော့ မင်းထက် အသိဉာဏ်နည်းနည်းလေး ပိုရှိတဲ့သူကို သူငယ်ချင်းလုပ်ခဲ့သင့်တာပဲ"

အမှုထဲ စိတ်နှစ်ထားသော ကျိမင်ရွေ့မှာ စက္ကန့်ပိုင်းကြာသည်အထိ ပြန်မတုံ့ပြန်နိုင်။

သူ သတိရသည့်အချိန်တွင် ချီချင်းက နို့ခွက်ကို ကိုင်ကာ ဧည့်ခန်းထဲ ပြန်ရောက်သွားပြီး TV ထိုင်ကြည့်နေသည်။

နောက်ထပ်ရက်အနည်းငယ်ကြာသည်အထိ ကျိမင်ရွေ့တစ်ယောက် ဖုန်းကြည့်ချိန်ပင် မရှိလောက်အောင် အလုပ်ရှုပ်နေခဲ့သည်။ ဝမ်အဖွားမှာ ရဲစခန်းသို့ နေ့တိုင်းလာ၍ နန်နန်းလေးကိုသာ အော်ခေါ်နေတတ်သည်။ "တရားခံကို မဖမ်းမိမချင်း နေ့တိုင်းလာမှာ..  သနားစရာကောင်းလိုက်တဲ့ ငါ နန်နန်းလေး"

သို့သော် ရဲစခန်းတွင် ထိုအမှုတစ်ခုထဲသာ ရှိနေခြင်းမဟုတ်။ ဖြေရှင်းစရာ အမှုတိုင်းက တစ်ခုပြီးတစ်ခု တိုးမြဲတိုးလျက်ရှိသည်။

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now