Chapter 6- ဓား

Start from the beginning
                                    

ဆုရှောင်းလန်လဲ ခေါင်းညိတ်သည်။
" ဟုတ်တယ်နော် ကျွန်မလဲ သူ့ကို အလွန်ဆုံးရှိမှ ၂၅နှစ်လောက်ပဲ ထင်ထားတာ"

ရဲအရာရှိ : "??"

သူတို့နှစ်ယောက် နည်းနည်းတော့ ကြောင်နေတဲ့ပုံပဲ...

" သူက တကယ် အသက်ငယ်ငယ်လေးပဲ ရှိသေးတာလေ"
ထိုရဲအရာရှိက ဒီစကားလောက်နှင့် ‌နားမလည်နိုင်ဟု ယူဆမိသဖြင့် နောက်ထပ် ထပ်ပြောလိုက်သည်။
" သူက မှုခင်းရဲတပ်ဖွဲ့ခေါင်းဆောင် ရှဲ့ဖုန်းရဲ့ညီလေးလေ..  ခုနပြောတဲ့အမှုတွေ ဖြေရှင်းတဲ့အချိန်တုန်းကဆို သူက အထက်တန်းကျောင်း ပထမနှစ်ပဲ ရှိသေးတာ"

ဆုရှောင်းလန် သူ့နားကိုပင် မယုံနိုင်တော့။

‌အထက်တန်းကျောင်းပထမနှစ်တွင် ကာယချိန်တွင် ဖိနပ်ထဲ ဖော့များထည့်ခဲ့သည့် ကျိမင်ရွေ့မှာ စကားပင်မပြောနိုင်။

လူသားမျိုးနွယ်စုတစ်ခုထဲမှ လူနှစ်ဦးက ဒီလောက်တောင်ပဲ ကွာခြားရသလား

ကျိမင်ရွေ့ : ဒါပေမဲ့ ပြဿနာရှိတာကလေ... အရမ်းမိုက်တာတော့ ဝန်ခံပါတယ်... ဒါပေမဲ့ ဘာလို့ သူက အကြံပေးဟောင်း ဖြစ်နေရတာလဲ..

"ရှောင်ကျန်း.. ဒီနားလာခဲ့"

အဆိုပါရဲအရာရှိလေး ပါးစပ်ဟတော့မည့်ဆဲဆဲတွင် ခပ်လှမ်းလှမ်းမှ ဝူကျီပင်းက သူ့ကို လှမ်းခေါ်သည်။

ကျန်းယွီလဲ  စိတ်လှုပ်ရှားမှုကို ခဏထိန်းချုပ်ကာ မှတ်စုစာအုပ်ထုတ်ကာ ပြေးသွား၏။
" ပင်းကော"

ဝူကျီပင်းက အသစ်ရောက်လာသော ကလေးများကို အခွင့်အရေးပေးလိုသည့်သဘောနှင့် တစ်ယောက်ချင်း လိုက်မေးသည်။
" လာပြော.. မင်း ဘယ်လိုမြင်လဲ"

ကျန်းယွီလဲ အခင်းနေရာကို အာရုံစိုက် ကြည့်နေသော်လဲ ထင်ထားသလောက် မလွယ်။

ဝူကျီပင်းလက်ထဲမှ တုတ်ကောက်က ကျန်းယွီခြေသလုံးပေါ် ရောက်သွားသည်။
" မင်းကို အခင်းဖြစ်တဲ့နေရာ ကြည့်ခိုင်းတာလေ.. ဘာလို့ လူတွေပဲ လိုက်ကြည့်နေတာလဲ"

ကျန်းယွီ : တောင်းပန်ပါတယ်ဗျ.. ပင်းကော..

ကျန်းယွီက ‌ရှဲ့လင်ကို နောက်ဆုံးတစ်ချက် လှမ်းကြည့်လိုက်သေးသည်။

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now