အပိုင်း(၃)

En başından başla
                                    

"မမသိတာဆိုပြောပြမှာပေါ့လင်းရဲ့"

"လျှောက်ပြောနေတာ မမယုကဖြင့် သူ့ရည်းစားမွေးနေ့တောင်သူမမှတ်ဘူး...ကို ထက်မာန်ကြီးသနားပါတယ်"

ဖူးမြတ်ကမမယုကိုစသဖြင့် မမယုရှက်သွားတယ်ထင်ပါရဲ့။မျက်နှာရဲနေသည်။

"ကလေးတွေနော်..ပေါက်ကရတွေ..တော်တော့..လာ အခန်းနေရာလိုက်ရှာမယ်"

မမယုမှာရည်းစားရှိသည်။မမယုနဲ့ကိုယ်နဲ့ကအတော်လေးရင်းနှီးတယ်ပဲပြောရမည်။
မိမိနဲ့ခင်တာဆို ၆တန်းလောက်ကတည်းကဖြစ်သည်။ဖူးမြတ်ဆီအလည်သွားရင်းကနေ မမယုနဲ့ခင်ခဲ့သည်။

မမယုကိုခင်လည်းခင်သလိုချစ်လည်းသည်။မမယုမှာရည်းစားရှိမှန်းသိတဲ့နေ့ကတောင်မမယုကိုစနောက်နေသေးသည်။မိမိစိတ်ထဲဘာမှမခံစားရခဲ့ပါ။
ဒါပေမဲ့ သခင့်အကြောင်းကိုတွေးလိုက်တဲ့အခါများဆို ရင်ထဲအောင့်သက်သက်ဖြစ်သည်။သခင့်မှာရည်းစားရှိလာခဲ့ရင်ရော၊သေချာပေါက် နှမြောမိမှာပဲ
အတွေးစိတ်ကူးထဲမှာပင် သခင့်ကိုရည်းစားမရှိစေချင်ပါ။ငယ်ငယ်လေးကတည်းကသိကျွမ်းရင်းနှီးလာခြင်းကြောင့်ပဲလား‌တော့
မပြောတတ်ပါ။သခင့်အနားမှာမိမိကလွဲပြီးဘယ်သူမှမရှိစေချင်သလိုပါ။သခင်ဘင်မှလည်း မိမိမဟုတ်တဲ့အခြားသူများအား မချစ်စေချင်ပါ။
တစ်ခါတစ်ရံဒီလိုမျိုးထူးဆန်းတဲ့စိတ်အခြေအနေတွေဖြစ်နေတတ်တာကိုကိုယ့်ကိုယ်ကိုယ်ပင်အံ့ဩရသည် ။
ဘာဖြစ်နေသလဲဆိုပြီးဆန်းစစ်ရင်လည်းအဖြေဟာမထွက်ပါ။

"လင်း ဘာတွေတွေးနေတာလဲ..သွားရအောင်လေ"

"ဟုတ်မမယု..လာဖူးမြတ်"

ဖူးမြတ်လက်တစ်ဖက်ကိုတွဲကာမမယုနောက်ကလိုက်လာလိုက်သည်။

***

"ဖေဖေ..သခင့်ဆီသွားမလို့"

"အင်းအင်းသမီး...သိပ်မကြာနဲ့ဦးနော်"

"ဟုတ်"

ဖေဖေ့ကိုသတိပေးပြီးတာနဲ့သခင့်အိမ်ဘက်သို့တန်းထွက်လာလိုက်သည်။

သခင်ကဒီအချိန်ဆိုစာဖတ်တာပဲဖြစ်ဖြစ်သီချင်းနားထောင်တာပဲဖြစ်ဖြစ်လုပ်တတ်သည်။

သခင် (Completed)Hikayelerin yaşadığı yer. Şimdi keşfedin