stfu!! you belong to ME (GyuCheol)

703 43 9
                                    

stfu!! you belong to ME (GyuCheol)

"ကိုကိုရာ ငါကိုကို့ကို ဘာမဆိုအလျော့ပေးထားရဲ့သားနဲ့.. ကိုကိုကငါ့အပေါ်ရောင့်တက်တာ ငါ့ကိုဒီလောက်လေးတောင် အရေးမပေးချင်ဘူးလား"

"Kim ရာ ကိုကို့ဘက်ကလဲကြည့်ပါဦး မင်းကဒီလောက်ကလေးဆန်မှတော့ ငါကရော လက်လွတ်စပယ် ပြောထွက်ပါ့မလဲ"

"အဲ့တာဆိုလည်း ငါလက်ခံနိုင်လောက်မယ့် ရှင်းပြ‌ချက်ပေးလေ ကိုကို ငါကိုကို့ကိုဆို ကိုကိုအလိုလိုက်သလို ပြန်ပြီးအလိုလိုက်ပါတယ် ဒါပေမယ့် ဒါတော့ငါလက်မခံနိုင်ဘူး!"

ထိုစကားဟာ သူတို့စကားဝိုင်းရဲ့ အဆုံးသတ်ဖြစ်သွားတော့သည်။ Seungcheol က ကျစ် တစ်ချက်စုတ်ရင်း သူ့ရဲ့မည်းနက်နက် necktie ကိုဖြေလျော့ကာ အခန်းအပြင်သို့ထွက်သွားသည်။

တကယ်တော့ ဖြစ်ပျက်နေကြသည့် ဒီပြဿနာတစ်ခုလုံးဟာ Mingyu အမှားမဟုတ်သလို ကိုကို့အမှားလည်းမဟုတ်ပေ။

ယခု သူတို့ရှိနေသည်က တကယ်အရေးပါသည့် သူတို့စီးပွားရေးသမားတွေကြားက အဆက်အသွယ်တွေရှိမှ တက်လို့ရသည့်ပွဲထဲမှာပင်။ တထစ်ချပြောရရင် စီးပွားရေးလောကမှာ တကယ့်နာမည်ကျော်လှသည့် စီးပွားရေးသမား KIM မိသားစုတို့ ပြုလုပ်သည့်ပွဲ။ ဟုတ်ပါတယ် Kim Mingyu တို့မိသားစုကလုပ်သည့်ပွဲပါ။

ပွဲကိုတက်ရောက်သည့်သူတိုင်းမှာ ဂုဏ်သရေရှိလူကြီးမင်းများဟုလည်း ပြောရမည်။ လာချင်းတိုင်းလာရောက်လို့ရသည့်ပွဲမဟုတ်သလို တက်ရောက်သူတွေမှာလည်း ဝန်ကြီးချုပ်မိသားစု၊ လွှတ်တော်အမတ်မိသားစု၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ ပြည်ပကလုပ်ငန်းရှင်များ ရောနှောနေလို့ နေချင်သလိုနေထိုင်လို့ရသည့်ပွဲမဟုတ်တာတော့သေချာသည်။

သူ့ရဲ့ အချစ်ဆုံး ကိုကို့အကြောင်းကိုစတင်ပြောရရင်တော့ ထိုပွဲကို Kim မိသားစုရဲ့ ဆွေစဉ်မျိုးဆက် စီးပွားရေးပါတနာ Choi မိသားစု လည်းတက်ရောက်သည်။ ဟုတ်ပါတယ် သူ့ကိုကိုက အဲ့မိသားစုကမွေးတဲ့ တစ်ဦးတည်းသော သား သို့သော် Choi အိမ်တော်မှာ မွေးစားသားငယ်တစ်ယောက်လည်းရှိသည် ။

SEVENTEEN oneshotsWhere stories live. Discover now