deeply in love with him (YoonHong)

1K 45 2
                                    

deeply in love with him (YoonHong)

"ကိုကိုက အရမ်းလှတာဗျာ့ ကျွန်တော်သူ့ကိုတစ်နေကုန် ထိုင်ကြည့်နေရယုံနဲ့တင်ဘာမှမစားပဲ နေနိုင်တယ် ။ ကိုကို့ကို ကျွန်တော်ကအများကြီးချစ်တာ သိလား ။ ဒါ‌ပေမယ့် ကိုကိုကတော့ကျွန်တော့်ကိုမချစ်ဘူးဗျာ့ ။ သုံးနှစ်ကြီးလို့ ကိုကို ခေါ်ပေမယ့် ကိုကိုကပြောတယ် ငါအဲ့ကိုကိုဆိုတဲ့ နာမ်စားလေးကို မကြိုက်ဘူးတဲ့ ကိုကိုလို့မခေါ်နဲ့တဲ့ ။ ဒါပေမယ့် ကျွန်တော်က ကိုကို ကျွန်တော့်ကိုမသိခင် ကတည်းကကိုကိုလို့ခေါ်လာတာနှုတ်ကျိုးနေလို့ ပြင်မရဘူးဗျာ့ ။ ဦးလေး သိလား ကိုကိုကလေ တစ်ခါတစ်လေအနီးနားရှိနေပေမယ့် ဟိုးအဝေးကြီးက ကြယ်နဲ့တူတတ်သေးတယ် ။ ကျွန်တော်က ကိုကို့ကိုပြောပြတယ် ကျွန်တော်သူ့ကို အများကြီးချစ်တာပါလို့ ဒါပေမယ့် ကိုကိုကဘာမှပြန်မပြောခဲ့ဘူး ။ ကိုကိုက တကယ်မကောင်းတာပါ ။

ပြီးတော့လေ ဦးလေး ကိုကိုက ပိန်ပိန်လေးဗျာ့ ကျွန်တော်သူ့ကိုဆွဲဖက်လိုက်ရင် တစ်ခါထဲပါလာတတ်တာ အဲ့လောက်ကို ပိန်ပိန်ပါးပါးလေး။ ပြီးတော့ ကျွန်တော်.. ကျွန်တော် ကိုကို့အကြောင်းသိပ်စဉ်းစားလို့ မရတော့ဘူး ။ ဦးလေး ကိုကိုက ကျွန်တော့်အတွေးထဲကနေကို တစ်ခါတစ်လေ ထွက်သွားတတ်တာ ။ ဘယ်လိုလုပ်ရမလဲ ဘယ်လိုလုပ်ရမလဲ ဦးလေး အရင်က ကိုကို့အကြောင်းတွေပဲ ခေါင်းထဲမှာ တမင်စာစီထားသလို ပြောပြနိုင်ပေမယ့် အခုတလော အခုတလော ကိုကို့ကိုမမှတ်မိတော့သလိုခံစားရတယ် ။"

မျက်နှာမှာ ပူပူနွေးနွေးအရည်များအဆက်မပြတ်စီးကြနေတဲ့ ကောင်လေးတစ်ယောက်ဟာ သူပြောနေသည့်အကြောင်းအရာကို သူ့အရှေ့က အဖြူရောင်ကုတ်ဝတ်ထားသည့် ဦးလေးကြီးဆီ အလုအယက်နားလည်အောင် ရှင်းပြနေသည်။

"ကောင်လေး မင်းမှတ်ညဏ်ထဲက မကောင်းတဲ့ကိုကို ကိုဖျောက်ပစ်ဖို့ မကြိုးစားနိုင်သေးဘူးလား မင်းဦးလေးကို အရင်တစ်ခေါက်က ကြိုးစားပါမယ် ပြောသွားတာလေ မှတ်မိသေးရဲ့လား"

အဖြူရောင်ကုတ်အရှည်ကိုဝတ်ဆင်ထားတဲ့ ဦးလေးကြီးက သူ့အရှေ့ကကလေးကို သနားစဖွယ်ကြည့်ပြီး အသံကို အလွန်နိမ့်ကာ ပြောသည်။

SEVENTEEN oneshotsWhere stories live. Discover now