I hate him! ok baby,I'll fired him (CoupsHan)

1.5K 80 8
                                    

I hate him! ok baby,I'll fired him (CoupsHan)

"cheol ရား"

"အင်း..ပြန်လာပြီလား ဟန်နီ နောက်ကျလှချည်လား"

"အမ်းး အဖွဲ့လိုက်ညစာစားပွဲ"

လက်ထဲတွင်ကြက်ကြော်ဘူးဟန်တူသည့်ဘူးကိုကိုင်ပြီးဝင်လာတဲ့သူ့ရဲ့ဟန်နီ။

ပင်ပန်းနေသည့်ပုံပေါက်သည်မလို့ဝင်ဝင်လာချင်းဖက်ထားလိုက်သည်။

"cheol..မင်းကဥက္ကဌပဲဟာ အဲ့လိုအဖွဲ့လိုက်ညစာစားပွဲဆိုတဲ့အစဉ်အလာကြီးဆက်မလုပ်ဖို့ပိတ်ပင်လိုက်ပါလား ဟမ် ငါတအားပင်ပန်းတာပဲ"

ရင်ခွင်ထဲကနေတစ်မြုပ်မြုပ်ဖြင့်ပြောနေသည့်ဂျောင်ဟန်ကိုကြည့်ပြီးအူယားနေရသည်။သူများသားရယ် ဘာလို့ဒီလောက်ချစ်ဖို့ကောင်းနေရတာလဲနော်။

"ကိုယ်ကအဲ့တာတော့‌တားမြစ်လို့မရဘူးလေကွာ..ဒီလိုလုပ်ဟန်နီ့ကိုစိတ်ပင်ပန်းအောင်ခက်ခဲအောင်လုပ်နေတဲ့သူရှိရင်ပြော ကိုယ်အလုပ်ဖြုတ်ပေးမယ်"

"တော်ပါ ငါ့ကိုစိတ်ပင်ပန်းအောင်လုပ်တဲ့သူကိုသာအလုပ်ဖြုတ်မယ်ဆိုရင် ဌာနထဲမှာငါတစ်ယောက်ပဲကျန်ခဲ့ဦးမယ်"

"အဲ့တာဆိုလဲဘာဖြစ်လဲ အားလုံးကိုဖြုတ်ပစ်လိုက်မယ်လေ"

"အပိုတွေ..တော်ပြီ ငါရေသွားချိုးတော့မယ်"

"အင်း ကြက်ကြော်စားရင်းစောင့်နေမယ် မြန်မြန်လာခဲ့"

တာ့တာပြပြီးဂျောင်ဟန်တစ်ယောက်ရေချိုးခန်းထဲဝင်သွားလေတော့သည်။

ဂျောင်ဟန်ဒီနေ့အတော်လေးပင်ပန်းခဲ့ပါသည်။အရောင်းမြှင့်တင်တဲ့ဌာနမှာအလုပ်လုပ်နေသူမလို့ ဦးနှောက်ခြောက်အောင်ကိုဘယ်လိုအရောင်းမြှင့်ရမလဲဆိုတာစဉ်းစားနေတာနဲ့တင်ကိုအလုပ်အရမ်းရူပ်နေပြီကို သူတို့ဌာနခေါင်းဆောင်သည်ပိုပင်ပန်းအောင်လုပ်လေသည်။အပတ်တိုင်းအဖွဲ့လိုက်ညစာစားပွဲဆိုပြီး ကုမ္ပဏီကဒ်ဖြင့်အမြဲသွားစားရသည်မှာ သူ့ကိုစိတ်မချမ်းမြေ့စေပါ။

ဆွန်းချောလ်မှာသူ့ရဲ့အတွင်းရေးမှူးလာလုပ်ပါဟုပြောသော်လည်းဂျောင်ဟန်လုံးဝလက်မခံပေ။ဂျောင်ဟန့်ကိုအကပ်နဲ့ဝင်တဲ့သူဆိုပြီးတော့အပြောတော့မခံနိုင်ပါ။သို့သော်လဲ သူကအကပ်နဲ့ဝင်တာမှန်ပါတယ် ဘာလို့လဲဆို အခြားကုမ္ပဏီတွေမှာသွားလျှောက်လို့ရသော်လည်း တမင်ဆွန်းချောလ်ရဲ့ S group မှာလျှောက်ခဲ့သည့်အကြောင်းအရင်းမှာ အလုပ်သင်ဘဝနဲ့ပဲမနေချင်လို့ဖြစ်သည်။ရည်းစားရဲ့ကုမ္ပဏီမှာအလုပ်လုပ်တော့ဘယ်လိုပဲဖြစ်ဖြစ်အခြေခိုင်တယ်လေ။ဘာပဲဖြစ်ဖြစ် အတွင်းရေးမှူးမလုပ်ချင်တာတော့မလုပ်ချင်တာပင်။

SEVENTEEN oneshotsDonde viven las historias. Descúbrelo ahora