love-hate relationship (GyuHao)

916 47 0
                                    

∆Warning - rude words

love-hate relationship (GyuHao)

ကျယ်လောင်စွာထွက်နေသော သီချင်းသံနှင့်အတူ မီးရောင်အောက်တွင် ယောင်္ကျား မိန်းမ မရွေး ပွတ်သပ်စွာ ကခုန်နေကြသည် ။ သေချာတာပေါ့ ဒါက ကလပ် ထဲ တွင် ။

" အဲ့တော့ ? "

" ဘာအဲ့တော့လဲ မင်းပြန်တောင်းပန် "

" မတောင်းပန်နိုင်ပါဘူး။ မဟုတ်လို့လား မှန်တာပဲလေ ငါဘာမှားလို့လဲ Gyu ရ "

" ဘာ နင်ကများ "

" ငါတို့နှစ်ယောက်စကားပြောနေတယ်လေ။ ပါးစပ်ပိတ်ထား "

ရပ်နေသည့်သူ့ကို အံကြိတ်ကာ ထပြောလာသည့် ကောင်မကို Myungho က စကားဆက်မပြောနိုင်အောင်ပိတ်လိုက်သည် ။

" Seo Myungho ငါ့ဟာငါဘာလုပ်လုပ် ငါနဲ့ပဲ သက်ဆိုင်တယ် မင်းနဲ့ မဆိုင်ဘူး ။"

" ငါနဲ့ မဆိုင်ရင် ဘာမှပြောစရာအကြောင်း မရှိဘူး ရှင်းရှင်းပြောရရင် မင်းဘာသာ လူသတ်ရင်တောင် ငါကစိတ်ဝင်စားမှာ မဟုတ်ဘူး ။ ဒါပေမယ့် မင်း မိဘတွေ နားထဲရောက်အောင် မလုပ်စေနဲ့ ခွေးကောင်ရ အခုက မင်း ကလပ်လာပြီး စကီတွေနဲ့ ကဲနေတာ မင်းအဖေ နားထဲရောက်သွားပြီ မလို့ မင်းကိုလာခေါ်ခိုင်းတာ "

ကလပ် ထဲက အသံခပ်ဆူဆူ နှင့် အတူ Mingyu နှင့် Myungho မှာလဲ သူနိုင် ကိုယ်နိုင် ရန်ဖြစ်နေကြတော့သည် ။

" အဲ့တာနဲ့ မင်း သူ့ကို အပျက်မ လို့ခေါ်တာနဲ့ ဘာဆိုင်လို့လဲ "

" ငါဆိုင်ရင်ဆိုင်လိုက်ပေါ့ မဆိုင်လည်း ဘာဖြစ်လဲ အမြင်ကတ်လို့ပြောတာ ။ ကိုယ်က မကျူးခင် ပိုင်ရှင်ရှိမရှိ စုံစမ်းလေ ။ မြင်လို့ကိုမကောင်းဘူး ပွတ်သီးပွတ်သပ်နဲ့ ။ ဘာလဲ အပျက်မ လို့ခေါ်လို့ နာသွားတာလား အို ဘယ်လိုလုပ်ရမလဲ ငါက အမှန်တွေပဲ ပြောတတ်တာမလို့ "

" ဖြောင်း! "

Myungho စကားဆုံးပြီးပြီးချင်း Mingyu ဘေးက အမျိုးသမီး က Myungho ပါးကို ဆွဲရိုက်မယ် အလုပ် အနောက်ကနေ ရိုက်မယ် ရွယ်နေသည့် လက်ကို အဆွဲခံလိုက်ရပြီး Mingyu ဆီက ပါးရိုက်ခံလိုက်ရတော့သည် ။

" Seo Myungho က မင်းထိပါးချင်တိုင်း ထိလို့ရတာမဟုတ်ဘူး "

" တောက်ခ် "

SEVENTEEN oneshotsWhere stories live. Discover now