K!ll3r (MinWon)

1K 69 2
                                    

∆ Warning - ဤ one shot တွင်သွေးများ၊အနည်းငယ်ရိုင်းစိုင်းသောစကားလုံးအချို့ပါဝင်ပါသည်။စာရေးသူဇာတ်ကူးဇာတ်လမ်းဖြစ်ပါserious ထားပြီးဖတ်ဖို့ကြိုတောင်းဆိုချင်ပါသည်

K!ll3r (MinWon)

"ဘာ လူမှားသွားလို့ပါ။ ဟုတ်လား..စောက်သုံးမကျတဲ့ကောင်တွေ"

ရီဝေဝေဖြင့်အတော်လေးနာကျင်နေသောခေါင်းကိုကိုင်ပြီးအားယူကာမျက်လုံးဖွင့်ကြည့်ကာမှာတော့ ဗလာကျင်းနေသောအဖြူရောင်မျက်နှာကျက်သာတွေ့ရသည်။ရုတ်တရက်ထင်တွေ့လိုက်ရလျှင်တော့ ဆေးရုံမျက်နှာကျက်လို့ထင်ရနိုင်ပေမယ့် ဘေးဘီပတ်ပတ်လည်ကြည့်ကာမှ ဆေးရုံမဟုတ်ပဲရိုးရိုးအခန်းတစ်ခုထဲတွင်သာ။

အခန်းအပြင်၌ကြားရသောအသံများမှာလည်းစိတ်မချမ်းမြေ့စရာနာကျင်စွာငြီးငြူသံဩဩတွေ။

အခြေအနေကိုနားလည်အောင်ကြိုးစားရာတွင်မှာ နောက်ဆုံးမြင်ကွင်းကိုမှတ်မိသွားသည်။သန့်စင်ခန်းအထွက်တွင်အနောက်ကနေသံတုတ်ဖြင့်ရိုက်ခံလိုက်ပြီးပစ်လဲကျသွားသည်ကိုမှတ်မိလိုက်ရသည်။မကြာခင်မှာပဲအခန်းတံခါးဖွင့်သံကြားလိုက်ရသည်မို့ချက်ချင်းမျက်လုံးနှစ်ဖက်ကိုစုံမှိတ်ချပစ်လိုက်သည်။ထို့နောက်အခန်းထဲကကုတင်ပေါ်မှာရှိနေသောသူ့အနားကိုတိုးတိုးလာသောခြေလှမ်းများ။

"အိပ်ချင်ယောင်ဆောင်နေတာလေးကိုကလှသားပဲ"

ကြားလိုက်ရသည့်အမျိုးသားတစ်ယောက်၏အသံမှာနူးညံ့သလိုနှင့်ခပ်ဩရှရှအသံပင်။

"ထတော့ မင်းနဲ့ပြောစရာရှိတယ်"

အိပ်ချင်ယောင်ဆောင်နေတာသိသွားပြီဆိုတော့မတတ်သာတဲ့အဆုံးမျက်လုံးကိုအသာတကြည်ဖွင့်ပေးလိုက်ရတော့သည်။

"မင်းဘယ်သူလဲ"

"ကိုယ်ဘယ်သူလဲဆိုတာတော့ပြောလို့ဘယ်ရမလဲ ဒီတိုင်းမင်းကိုဖမ်းလာခိုင်းတဲ့သူလို့ပဲသိထား"

"ငါမင်းနဲ့မတွေ့ဖူးဘူး ငါနဲ့ဘာရန်ရှိလို့ဒီကိုခေါ်လာတာလဲ"

SEVENTEEN oneshotsWhere stories live. Discover now