"ဘယ်လိုဖြစ်လို့ တစ်ကိုယ်လုံး ချွေးတွေ စိုနေရတာလဲ"

ပျန်းနမ် သူ့လည်ပင်းကို ပွတ်သုတ်ပေးလိုက်သည်။

"ကာယအချိန် တက်ထားလို့"

ချိုးယန့် အော်ပြောလာကာ ဆက်၍ -

"သား ရှေ့မှာ ထိုင်ချင်တယ်။ ရှေ့မှာ ထိုင်လိုက်မယ်"

ချိုးယိက ဒရိုင်ဘာဘေးခုံမှ ဆင်းလိုက်ပြီး သူ့ကျောပိုးအိတ်ကို လှမ်းယူလိုက်ကာ နောက်ခုံသို့ နေရာလဲပေးလိုက်သည်။

ချိုးယန့်က လုံခြုံရေးခါးပတ်ကို ဆွဲလျက် ဒရိုင်ဘာဘေးခုံတွင် ဝင်ထိုင်ရင်း -

"ဖန်းရှောင်ကျွင်းက ကားစီးချင်နေသေးတာရော်"

"ငါ့လခွမ်း။ သူ့မျက်နှာက ပြောင်လိုက်တာ"

ပျန်းနမ် ကားပေါ် ချက်ချင်းခုန်တက်လိုက်ကာ ကားစက်နှိုးပြီး အလျင်အမြန်ထွက်ခွာလာ၏။ ဖန်းရှောင်ကျွန်း လိုက်လို့မီလာမှာကို စိုး၍ ဖြစ်သည်။ သူက ဆက်၍ -

"သူ လိုက်ထွက်မလာဘူးလား"

"မလိုက်လာဘူး။ ကားအစုတ်ကြီး ဘာစီးချင်စရာရှိလို့လဲလို့ သားပြောလိုက်တာ၊ အဲဒါနဲ့ သူလိုက်မလာတော့ဘူး"

ချိုးယန့်က ကိုယ်ကို နောက်လှည့်လိုက်ရင်း -

"ကိုကို သား ဒိန်ချဥ်သောက်ချင်တယ်"

"ငါဝယ်ပေးမယ်"

ပျန်းနမ်သည် ချိုးယန့်က ယခုကဲ့သို့ ဖန်းရှောင်ကျွင်းအား ကြော့ကြော့မော့မော့ ငြင်းလိုက်နိုင်တာကို ကြားပြီးနောက် နဂိုကတည်းက တောက်ပကြည်လင်နေသော စိတ်အစဥ်က ပို၍တောင် ရွှေရောင်ဖြာသွားတော့သည်။ ကားကို လမ်းဘေးတွင်ရပ်ပြီး စူပါမားကက်ထဲသွားကာ ချိုးယန့်အတွက် ဒိန်ချဥ်ဖာကြီးတစ်ဖာ ဝယ်ပေးလိုက်သည်။

ချိုးယိတို့အိမ်ကို ပြန်ရောက်လာတော့ ဖေဖေချိုးက ပြင်ဆင်လို့တောင် ပြီးသွားခဲ့ပြီ။

"အပြင်ထွက်ပြီး ထမင်းမစားရတောင် ကြာခဲ့ပြီ"

သူတို့တွေ အိမ်ထဲဝင်လာတာကို မြင်တော့ သူသည် ချိုးယိအား ချက်ချင်း ညွှန်ကြားကာ -

《Wolf pair》- ဘာသာပြန်Onde histórias criam vida. Descubra agora