Part(39)
စိုင်းစဝ်တို့ ကျောင်းတတ်နေကြသည်မှာ အတော်ပင်ကြာပြီဖြစ်သည်။ မကြာခင် လုပ်ငန်းခွင်ဝင်ရတော့မည် ဖြစ်၍ နောက်ဆုံးနှစ်ဖြစ်သည့် စိုင်းစဝ်တို့အားကုမ္ပဏီများက လာရောက်ခေါ်သူများလဲရှိသည်။ စိုင်းစဝ်နှင့် သူရ စာကြည့်တိုက်ထဲတွင် စာလုပ်နေကြသည်။ စိုင်းစဝ် အလုပ်ဝင်ချင်သည့် W သည် ယခုလိုကျောင်းများတွင် မခေါ်သည်ဖြစ်၍ စိုင်းစဝ် စိတ်မဝင်စားပေ။
"အချစ် "
"ဘာလဲ ဝီလျှံရှိန်း"
"အချစ်က W မှာ အလုပ်ဝင်ချင်တာ အချစ်ဆန္ဒဆို "
"ဟုတ်တယ်လေ မင်းကို ဟိုကောင် သူရပြောလိုက်တာမလား"
"အချစ်က မပြောပြတာကိုယ်မေးလိုက်တာလေ"
"အဲ့တော့ မင်းက ဘာလုပ်မလို့လဲ မာမီကို သွားပြောမယ် မစဉ်းစားနဲ့နော် ငါ မင်းတို့ အလုပ်ခေါ်တဲ့အချိန်မှ လျှောက်မှာ"
"အချစ်ကလဲ အချစ်လိုချင်တယ်ဆို ဥက္ကဌနေရာယူမလားရတာနော်"
"မယူဘူး ငါသူများတွေလိုဘဲ အလုပ်ဝင်မှာ မင်းတစ်ခုခုလုပ်လိုက်တာကို ငါကြားလို့ကတော့နော်"
"ဘာမှ မလုပ်ပါဘူးအချစ်ရယ် စိတ်ချပါ အချစ်နဲ့အတူ သန့်သူရကောပါမှာမလား"
"ပါမှာလေ နှစ်ယောက်လုံးက အတူတူ အရင်ထဲကရွေးထားပြီးသား"
"ဟုတ်ပါပြီ အချစ်က ကိုယ်တို့ကုမ္ပဏီမှာ အလုပ်ဝင် အဲ့အချိန်မှ ကိုယ်နဲ့တွေ့ပြီး ချစ်သွားမယ်ဆိုနောက်ကျနိုင်တယ်နော်"
"အဲ့အခါ ငါနဲ့မင်းက ကြိုက်မယ်လို့ မင်းကို ဘယ်သူပြောလဲ "
"ကိုယ်လေ အချစ်ကကိုယ့်အပိုင်ဖြစ်လာမယ့်သူကို အချစ်ကို နောက်မှ တွေ့လဲ ကိုယ်က ချစ်မှာဘဲ အဲ့ဒါကြောင့် အချစ်က ကိုယ့်အပိုင်ဖြစ်လာမှာလေ"
"ရူးကြောင်ကြောင်နဲ့ စာလုပ်မယ် ပြီး Christmas နဲ့ new year ကျောင်းပိတ်အုံးမှာ မာမီတို့ဆီကို သွားကြမယ် သွားနေရင် ငါစာမလုပ်ဖြစ်တော့ဘူး"
"အချစ်က လုပ်နေလို့ ကိုယ်အချစ်ကို ကြည့်နေမယ်"
"မင်းကောအတူတူလုပ်ရမှာလေ ဖြေမှာက နှစ်ယောက်လုံးဖြေမှာကို စာအုပ်ထုတ်တော့"
YOU ARE READING
Find Love Because Of you (Complete)
Romanceဝီလျှံရှိန်း + စိုင်းစဝ်ခွန်မျိုး Start Date - 1.12.2023 End Date - 10.1.2024 Written by ပျိုး ကိုယ့်ရဲ့ချစ်ခြင်းတွေက မင်းတစ်ယောက်ထဲအပိုင်။