Part(24)Uni+Zaw

2.5K 76 0
                                    

Part (24)

စိုင်းစဝ် ဝီလျှံရှိန်း အိမ်သို့ ပြန်မလာသော်လည်း ကျောင်းသို့ လာမည်ဟု ထင်ခဲ့သည်။ သို့သော် ဝီလျှံရှိန်းသည် ကျောင်းသို့လဲ ရောက်မလာခဲ့ပါ။ ဝီလျှံရှိန်းနည်းတူ နှင်းပိုးကုဋေလဲ ရောက်မလာခဲ့ပါ။ 

ဝီလျှံရှိန်းမရှိသည့် အချိန်အတွင်း စိုင်းစဝ်ဘာမှ ရေရေရာရာ မလုပ်နိုင်ခဲ့ပါ။ ကိုယ်က သံယောဇဉ်ရှိနေသည့်အခါမှ ထွက်သွားတော့တာလားဟု ပြန်တွေးမိလာသည်။ ဖုန်းကြည့်နေသော်လည်း စိတ်ကမပါပေ။ မင်းသမီးမျက်နှာ ကြည့်နေသည့်အချိန်မှာပင် ဝီလျှံရှိန်း၏ မျက်နှာကို မြင်ယောင်လာသည်။ စိုင်းစဝ် ဝန်မခံချင်သော်လည်း ဝီလျှံရှိန်းအား လွမ်း‌နေပြီ ဖြစ်သည်။ ဝီလျှံရှိန်း၏ အနေအထားနှင့် တစ်နေရာတွင် အပန်းဖြေခရီးထွက်နေသည်မှာလဲ ဖြစ်ချင်ဖြစ်လိမ့်မည်။ '

'သူတောင်လုပ်ချင်တာလုပ်နေတာဘဲ အစကတော့ ငါတိို့ မြို့ကို အလည်ခေါ်မလို့ အခုတော့ ခေါ်ချင်စိတ်ပျောက်သွားပြီ'စိုင်းစဝ်ကိုယ့်အတွေးနဲ့ကို အတွေးလွန်နေသည်။

သူရ ကိုယ့်အားကြည့်ကာ အတွေးလွန်နေသည့် စိုင်းစဝ်ကို ကြည့်ရင်းခေါင်းခါလိုက်သည်။ 'ငါသူငယ်ချင်းလေး အချစ်မှာ လုံးဝပျော်ဝင်နေပြီ' ဟု တွေးလိုက်သည်။

"မင်းမှာ ဝီလျှရှိန်း ဖုန်းနံပါတ်ရှိတယ်မလား ဆက်ကြည့်လေ"

"ငါတစ်ခါ ဆက်ပြီးပြီ ဧရိယာ ပြင်ပ ရောက်နေတယ်"

"နောက်ကော ထပ်မဆက်ဘူးလား "

"မဆက်ပါဘူး သူဟာသူ ဘယ်မှာ ရောက်နေလဲမှ မသိတာ အပန်းဖြေခရီးထွက်နေတာနေမှာပေါ့"

"အေ အဲ့ဒါဆိုလဲ မင်းရဲ့ ရုပ်ကို အပူသည်ရုပ်မလုပ်နေနဲ့တော့ ဘေးနားက ငါက ကြည့်ရတာအဆင်မပြေဘူး "

"မပြေရင် မကြည့်နဲ့ပေါ့ "

"မင်းလဲ ကြာလေ ဝီလျှံရှိန်းနဲ့တူလာပြီ ငါပြန်တော့မယ် ငါ့သူငယ်ချင်းလေးရည်းစားပူမိနေတယ်ကြားလို့ လာကြည့်တာ ငါပြန်တော့မယ်"

"ငါလိုက်ပို့မယ် ခနစောင့်"

"ရတယ်လိုက်မပို့နဲ့တော့ "

Find Love Because Of you (Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ