Part (2)
'မင်းမကြည့်လို့ မသိတာပါ အချစ်က မင်းအနားမှာပါ စိတ်မရှိလို့ မရိပ်မိတာပါ အချစ်က မင်းအနားမှာပါ ...'
"ဟဲလို"
စိုင်းစဝ်ဖုန်းသံကြား၍ အိပ်နေရာမှ ဖုန်းကို လှမ်းကိုင်လိုက်သည်။
"ဟေ့ကောင် စိုင်းစဝ် မင်းအခုထိအိပ်နေတုန်းလား"
"ဟာ မင်းကလဲ မနက်အစောကြီး ငါ့ကို အဲ့ဒါမေးဖို့ဖုန်းဆက်တာလား အိပ်ချိန်ပါဆို အိပ်မှာပေ့ါ"
"မင်းကလဲနော် ငါသိချင်တာရှိလို့မင်းဆီဖုန်းဆက်တာပါ"
"ဟေ့ကောင် သန့်သူရကို ပြောစရာရှိတာမြန်မြန်ပြောကွာ လူက အိပ်ချင်ပါတယ်ဆို စကားက လိုရင်းကို မရောက်တော့ဘူး"
"ဘာမှမဟုတ်တော့ဘူး ကျောင်းရောက်မှ ပြောတော့မယ် အိပ်အိပ်သူငယ်ချင်း"
"ဒီ ဖေ..."
စိုင်းစဝ်၏ စကားမဆုံးသေး သန့်သူရ ဖုန်းချသွားသည်။ စိုင်းစဝ် ပြန်မအိပ်ချင်တော့၍ အိပ်ယာမှ ထကာ စိုင်းစဝ် ၏ တစ်နေ့တာ လုပ်ငန်းဆောင်တာများကို စတင်လုပ်ဆောင်တော့သည်။
စိုင်းစဝ် ကျောင်းရှေ့သို့ ရောက်သည့်အခါ မနေ့က အဖြစ်အပျက်ကို တွေးမိသွားသည်။ အိမ်မက်ဘဲနေမှာပါ အိမ်မက်ပါ။
"ဟေ့ စိုင်းစဝ် "
ကျောင်းရှေ့က ကျောင်းသူ/သားများ ဝိုင်းကြည့်နေကြ၍ ရင်ထိတ်နေပါသည်ဆို ဒီ ကောင်ကတော့ ။
ပခုံးကို "ဖတ်" ခနဲပုတ်ကာ ခေါ်လိုက်သံကြောင့် စိုင်းစပ် အတော်ပင်လန့်သွားသည်။ ကိုယ့်သူငယ်ချင်းဖြစ်နေ၍သာပေါ့ မဟုတ်လို့ကတော့ ဒီကောင် နာတော့မယ်။
"စိုင်းစဝ် မင်းကို မနေ့က ဝီလျှံရှိန်းက တွဲကြရအောင် ပြောတယ်ဆို မင်းအခု ဝီလျှံရှိန်း ရည်းစားဖြစ်သွားပြီဆို"
"မင်းကို ဘယ်သူပြောတာလဲ"
"ဘယ်သူမှ မပြောလဲ ကျောင်းရဲ့ Pageမှာ တတ်နေပြီလေ ဝီလျှံရှိန်းက ဘယ်သူမို့လို့လဲ မင်းက ဘာဖြစ်နေတာလဲ ပျော်ပျော်နေစမ်းပါ"
"မင်း အမေကို ပျော်ပျော်နေစမ်းပါ အခုငါ့ရင်ဘတ် တစ်ခုလုံး ပြုတ်ထွက်သွားတော့မလို ဖြစ်နေတာ မင်းသိလား"
YOU ARE READING
Find Love Because Of you (Complete)
Romanceဝီလျှံရှိန်း + စိုင်းစဝ်ခွန်မျိုး Start Date - 1.12.2023 End Date - 10.1.2024 Written by ပျိုး ကိုယ့်ရဲ့ချစ်ခြင်းတွေက မင်းတစ်ယောက်ထဲအပိုင်။