Part(34)Uni+Zaw

1.5K 37 0
                                    

Part(34)



ဝီလျှံရှိန်း အချစ်အငိုတိတ်သွားသည်အထိ စောင့်လိုက်သည်။

"အချစ် ကိုယ့်ကိုပြောပါအုံးဘာဖြစ်လို့လဲ"

"ဦးလေးရဲ့ အလုပ်မှာ အက်စီးဒန့်ဖြစ်လို့တဲ့ "

"အခု အချစ်ဦးလေးက ထိသွားလား "

"နည်းနည်းထိသွားတယ်ပြောတယ်"

"ဟုတ်ပြီ ဟုတ်ပြီ ကိုယ် ဦးလေးကို ဖုန်းဆက်လိုက်မယ် ဟုတ်ပြီလားအချစ်"

"တောင်းပန်ပါတယ် ငါ့ကြောင့် မင်းအလုပ်ပိုသွားပြီ"

"မဟုတ်ဘူးအချစ် ကိုယ်ကဘဲ တောင်းပန်ပါတယ်ကွာ ကိုယ့်အမှားပါအချစ်ရာ"

"ဦးလေးက သူ့မြို့မှာ ဖြစ်တာလေ မင်းအမှားဘယ်လိုလုပ်ဖြစ်မှာလဲ "

"အချစ် ဦးလေးဆီ လိုက်သွားချင်လား ကိုယ်လိုကါပို့ပေးမယ်လေအချစ်"

"မသွားတော့ပါဘူး အဘွားကလဲ မလာနဲ့လို့ပြောတယ် ‌ခရီးပန်းမှာစိုးလို့တဲ့"

"အဘွားပြောတာလဲဟုတ်တယ် အချစ် ဝမ်းမနည်းနဲ့တော့ "

"စိုင်းစဝ် မင်းအရမ်းငိုမနေနဲ့ နေကောင်းပျောက်သေးတာလဲ မဟုတ်ဘူး"

ဝီလျှံရှိန်း အချစ်ကို  ပြောနေစဉ် သန့်သူရကိုက ဝင်ပြောလာသည်။

"အချစ်က နေမကောင်းဘူးလား"

"ဟုတ်တယ်လေ မနေ့ညနေက မူးလဲလို့ ဆေးခန်းပြထားတာ မင်းက ဒီနေ့မှ သွားလိုက်တာဆို စိုင်းစဝ်ပြောတာ စိုင်းစဝ် ဝီလျှံရှိန်းလဲ ပြန်ရောက်လာပြီဆိုတော့ ငါပြန်ပြီနော်"

"အွန်း သူရ "

သန့်သူရကို ထွက်သွားသည်နှင့် ဝီလျှံရှိန်း အချစ်ကို ကြည့်လိုက်သည်။ အချစ်အား ရင်ခွင်ထဲသို့ ဖတ်လိုက်သည်။

"ဟို...ငါက မင်းစိတ်ပူနေမှာ စိုးလို့ပါ မင်းမာမီကလဲ နေမကောင်းတာကို ငါက..."

စိုင်းစဝ် ဝီလျှံရှိန်းအား ပြောရင်း မျက်နှာကို ငုံ့လိုက်သည်။ အမေနေမကောင်းလို့ ခနပြန်သွားသည့် သားအား ကိုယ်‌နေမကောင်း၍ ပြန်လာရသည်မျိုး မဖြစ်စေချင်ပါ။ စိုင်းစဝ်မှာ ငယ်စဉ်ကပင် အမေဆိုတာကို မမှတ်မိခဲ့သော်လည်း ဝီလျှံရှိန်းမှာတော့ ရှိနေသေးသည့်အခါ တစ်ခုခုဖြစ်သွားမည်ဆိုး၍ အနားမှာ ရှိနေစေချင်သည်။

Find Love Because Of you (Complete)Where stories live. Discover now