Part(13)Uni+Zaw

2.4K 72 0
                                    

Part(13)

"ကျောင်းမှာတွေ့မယ် ဝီလျှံရှိန်း"

"ဟုတ်ပါပြီ ကိုယ်အိမ်ပြန်ပြီးမှ လာခဲ့မယ်"

"အွန်း"

စိုင်းစဝ် ကျောင်းသွားရန် ထွက်လာခဲ့သည်။

ဝီလျှံရှိန်း အိမ်ကို မပြန်၍ မဖြစ်တော့ပါ။ ဝီလျှံရှိန်း၏ ဒယ်ဒီသည် မနေ့ကထဲက ဖုန်းဆက်တိုက်ခေါ်ထားသည်။ ဝီလျှံရှိန်း အသံပိတ်ထား၍ အချစ်မသိခြင်းဖြစ်သည်။ ဝီလျှံရှိန်း အိမ်ကို ပြန်ရောက်တော့ အိမ်ရှေ့ ဧည့်ခန်းတွင် မာမီနှင့်တွေ့သည်။

"သား သားဒယ်ဒီ စာဖတ်ခန်းထဲမှာ စောင့်နေတယ် ဒေါသထွက်နေတယ် ထင်တယ် သားက နားလည်ပေးနော်"

ဝီလျှံရှိန်း မာမီ့ကို ခေါင်းညိမ့်ပြလိုက်သည်။ ဒယ်ဒီရှိနေသည့် စာဖတ်ခန်းသို့ သွားလိုက်သည်။

"ဒေါက်...ဒေါက်...ဒေါက် ကွန်တော်ပါ ဒယ်ဒီ"

"ဘုန်း"

ဝီလျှံရှိန်းတံခါးဖွင့်လိုက်သည်နှင့် စာအုပ်တစ်အုပ်ပျံလာခဲ့သည်။

"မင်းကို ငါဘာပြောထားလဲ ဒီကျောင်းပြီးတော့မယ့် တစ်နှစ်အတွင် ဘာပြဿနာမှ မရှာပါနဲ့လို့ ပြောမထားဘူးလား မင်းရဲ့ ဆက်ခံသူနေရာကို လိုချင်နေတဲ့သူတွေဆိုတာ အများကြီးကွ နားလည်လား"

"ကျွန်တော် ဒယ်ဒီ့အလုပ်တွေကို စိတ်မဝင်စားဘူး ဒယ်ဒီ ပြီးတော့ အခုဖြစ်တာလဲ ကျွန်တော့်အမှားမပါဘူး"

"မင်းမှားလား မှန်လား မေးနေတာမဟုတ်ဘူး ငါသေချာပြောထားတာကို မင်းက ရဲစခန်းရောင်တဲ့အထိတောင် ဖြစ်ရလား"

"တော်ပါတော့ အစ်ကိုရဲ့ အခုလဲ သားက တစ်ဖက်က ကောင်လေးကို ကယ်ပေးလိုက်တာပါ အစ်ကိုလဲ စိတ်လျှော့တော့ ဒီမှာ ပျားသံပုရာရေလေး ဖျော်လာတယ် သောက်လိုက်နော် ခေါင်းနှောက်ပြေတာပေါ့ ၊ သားက ကျောင်းသွားမှာမလား သွားအဝတ်အစားလှဲပြီး သွားတော့ "

မာမီက ဝီလျှံရှိနအား မျက်စပစ်ကာ ပြောသဖြင့် ဝီလျှံရှိန်း အမြန်ထွက်လာခဲ့သည်။

"ဟုတ် မာမီ"

ဝီလျှံရှိန်း အခန်းထဲသို့ ဝင်လာကာ အဝတ်အစားလဲပြီး ကျောင်းသို့ သွားရန်ပြင်လိုက်သည်။ အချစ်က ကျောင်းတွင်စောင့်နေမည် မဟုတ်လား။

Find Love Because Of you (Complete)Tempat cerita menjadi hidup. Temukan sekarang