ပျန်းနမ်မှာ အနည်းငယ် ဗိုက်ဆာနေပြီး သတိပြန်ရလာပြီးနောက်ပိုင်း အစာစားချင်စိတ်သိပ်မရှိနေရာ အခုတော့မှ အစာစားချင်စိတ် စဖြစ်လာသည်။

ဘယ်လက်ဖြင့် ဇွန်းကိုင်လျက် အတော်ကသိကအောက်နိုင်စွာ ခေါင်းမဖော်တမ်း သုံးလေးလုတ် စားလိုက်ပြီးနောက် သူ့အဖေ တူ မလှုပ်တာကိုတွေ့တော့ သူသည် ဇွန်းကို ချလိုက်ပြီး -

"အဖေ ဘာလို့မစားတာလဲ"

"ရှောင်နမ်"

သူ့အဖေက ဟင်းရည်ပန်းကန်ယူပြီး ဟင်းချိုနည်းနည်း ခပ်ထည့်လိုက်ရင်း -

"ပျန်းရှင်းယွီကိုလွှတ်ပြီး ငါ့ကို လာရှာခိုင်းတာ မင်းမဟုတ်လား"

"ဟင်"

ပျန်းနမ် တန့်ခနဲဖြစ်သွားပြီးနောက် ချက်ချင်းပဲ အနည်းငယ် အားနာပါးနာဖြစ်သွားပြီး ပန်းကန်လုံးကို ငုံ့ကြည့်လိုက်ကာ အတော်ကြာတော့မှ ပြန်ဖြေသည်။

"ဟုတ်တယ်။ သူ ...... ဘယ်လိုပြောလို့လဲ"

"ငါ့ကို ငိုယိုသောင်းကျန်းပြီး လာပြောတာ"

အဖေက သူ့ကို ကြည့်နေရင်း

"မင်းသူငယ်ချင်းကို သူသိတယ်လား"

"အင်း"

ပျန်းနမ် နှာခေါင်းကို သပ်လိုက်ရင်း -

"ချိုးယိက သူ့သူငယ်ချင်းကို ဂိုက်သင်ပေးတယ်"

"ဂိုက်သင်ပေးတယ် ဟုတ်လား"

သူ့အဖေက ဟင်းရည်ပန်းကန်လုံးကို ကိုင်ပြီး တစ်ငုံသောက်လိုက်သည်။

"ဟုတ်တယ်။ ချိုးယိက ...... စာတော်တယ်။ ပုံမှန်ဆို အမြဲ ဂိုက်သင်တယ်။ အချိန်ပိုင်းအလုပ်လည်း လုပ်တယ်......"

ပျန်းနမ်သည် ချိုးယိအကြောင်း စဉ်းစားမိတာနဲ့ ပြောပြရခက်စွာ အနေရခက်လာပြီး

"သူ့အိမ်က စီးပွားရေးအခြေအနေ သိပ်မကောင်းဘူး။ ဒါပေမဲ့ သူ တအားလုပ်နိုင်တယ်။ သူ့အိမ်က ကိစ္စတိုင်းကို သူတစ်ယောက်တည်းပဲ တာဝန်ယူတာ"

အဖေက ဘာစကားမှ မဆိုချေ။ ဟင်းရည်ကို ဖြည်းဖြည်းချင်း သောက်နေပြီး သောက်လို့ကုန်တော့မှ ပန်းကန်လုံးကို ချပြီး မေးလာသည်။

《Wolf pair》- ဘာသာပြန်Where stories live. Discover now