"ငါးတွေဘာတွေ ဖမ်းမိပြီလား"

"မမိဘူး။ သား ကျောက် ရှာတွေ့ပြီ ဒီမှာကြည့်"

ချိုးယန့်က ရေထဲတွင် ကိုယ်ဖော့ကာ ကူးလျှောက်နေပြီး လက်ထဲတွင် ကျောက်တုံးအနည်းငယ် ကိုင်မြှောက်ထားရင်း -

"သာ့ဟူကျစ် ဘယ်သွားတာလဲ"

"မသိဘူး ရှူးပေါက်တာနေမယ်"

ချိုးယိ တဲထဲကနေ ထွက်လာပြီး လေးဖက်လေးတန်တွင် ပျန်းနမ်ရဲ့အရိပ်ကိုတောင် မတွေ့ရဘဲ -

"သူ ဘယ်ဘယ်ကို ထွက်သွားတာလဲ"

"ဟိုဘက်"

ချိုးယန့်က သစ်တောအုပ်ရဲ့ အတွင်းဘက်ဆီ ညွှန်ပြလိုက်ကာ -

"ကိုကိုလည်း သွားဖို့လား။ သားခုနက ရေထဲမှာ ပေါက်လိုက်ပြီ"

"...... ပေါက် ပေါက်"

ချိုးယိက ပျန်းနမ်ရဲ့ဖိနပ်တွေကို ယူပြီး တောအုပ်ဘက် လိုက်သွားသည်။

ပျန်းနမ် ခပ်ဝေးဝေးဆီ ပြေးမသွားခဲ့ပေ။ သူ ဖိနပ်မဝတ်ထားတော့ ပြေးရင်တောင် မီတာတစ်ရာနှစ်ရာလောက်မှာတင်ပဲ ခြေဗလာနဲ့ ကျောက်ခဲတွေပေါ် နင်းလျှောက်ရတာကြောင့် ခြေထောက်နာလာတော့သည်။ ရှုပ်ယှက်ခတ်နေတဲ့ အမျိုးမျိုးသော မြက်ပင်ပေါင်းပင်တွေကလည်း ခြေထောက်ပေါ်ကို လာခြစ်မိ ထိုးမိနေသေးသည်။

ချိုးယိရဲ့ခြေသံတွေ သူ့ကိုယ်နောက်မှ ထွက်ပေါ်လာတဲ့အချိန်တွင် သူသည် ကျောက်တုံးကြီးတစ်တုံးပေါ်ထိုင်လျက် ခြေထောက်ပေါ်က သွေးစို့နေသော ခြစ်ကြောင်းရာတွေကို စစ်ဆေးနေဆဲဖြစ်သည်။

ချိုးယိ လိုက်လာတာကို ကြားတော့ သူသည် သွေးတွေ မျက်နှာပေါ် ဆောင့်တက်သွားသလို ခံစားလိုက်ရကာ ခြေထောက်ပေါ်က ဒဏ်ရာတွေတောင် သွေးထွက်ဖို့ မရှိတော့သလိုပင်။ လှည့်ကြည့်ဖို့တောင် မျက်နှာပူနေတော့သည်။

"မင်း ကားမောင်းထွက်သွားပြီလို့ ငါထင်လိုက်တာ"

ချိုးယိ ရယ်လျက်ပြောလိုက်ပြီး ဖိနပ်ကို သူ့ဘေးသို့ ပစ်ပေးလိုက်သည်။

"ကားသော့တောင် မယူလာဘူးလေ"

ပျန်းနမ်သည် ခြေထောက်မှာပေနေတဲ့မြက်စမြက်နတွေကို ကျောက်တုံးပေါ် သုတ်လိုက်ပြီးနောက် ဖိနပ်စီးလိုက်ကာ -

《Wolf pair》- ဘာသာပြန်Where stories live. Discover now