part(36)Uni+Zaw

Zacznij od początku
                                    

"ဘာဖြစ်လို့လဲ မောင်လေး"

"ဟုတ်တယ်သားတစ်ခုခုဖြစ်လို့လား"

ဝီလျှံရှိန်း အစ်မကို ကြည့်လိုက်ကာ 

"စိုင်းစဝ်ကို ဆက်သွယ်လို့မရတော့ဘူး အစ်မ သူတစ်ခုခု ဖြစ်နေတာ သေချာတယ်"

"ဘယ်အချိန်ကလဲ အခုလား"

"ဟုတ်တယ် မနေ့ညက ဆက်သွယ်သေးတယ် အခုဆက်သွယ်လို့မရတော့ဘူး"

"ဝီလျှံရှိန်း သူမှာ ကိစ္စရှိလို့နေမှာပါ "

"သားဘာဖြစ်လို့လဲ မာမီကို‌ပြောလေ မာမီကူညီပေးမယ်"

"ရပါတယ်မာမီ သားသူငယ်ချင်းနဲ့ဆက်သွယ်လို့မရလို့ပါ"

'တီ.. တီ.. တီ'

ဝီလျှံရှိန်း မာမီကို ပြောနေချိန် အချစ်၏ သူငယ်ချင်းထံမှ ဖုန်းလာခဲ့သည်။

"ဟဲလို"

"ဝီလျှံရှိန်း ငါပြောတာနားထောင်နော် စိုင်းစဝ် မရှိတော့ဘူး သူ့ဖုန်းကို စက်ပိတ်ပြီး အိမ်မှာ ထားခဲ့တယ်"

ဝီလျှံရှိန်း၏ ရင်ထဲ အမြင့်ကနေရိုက်ချလိုက်သလို ခံစားလိုက်ရသည်။ 'သွားပြီ အားလုံးက ပြီးသွားခဲ့ပြီ '

"ဝီလျှံရှိန်း ဘာဖြစ်လို့လဲ"

"အချစ်က ... အချစ်က ထွက်သွားပြီတဲ့ ငါ့အနားကနေ အား... အခုပြန်မယ် အခုချက်ချင်း"

"သား မာမီတို့ လေယာဉ်က ညနေလေ အဲ့အခါမှ အတူပြန်ရအောင်ပါနော်သား"

"အခုပြန်မယ် မာမီတို့ နောက်မှ လိုက်လာလိုက်လေ အစ်မ မာမီ့ကို သေချာခေါ်ခဲ့ပေးနော် ငါအရင်သွားနှင့်တော့မယ်"

ဝီလျှံရှိန်း  အချစ်၏ အိမ်သို့အမြန်ပြန်လာခဲ့သည်။ အချစ်အပြင်သွားနေတာကို အချစ်သူငယ်ချင်းက စနေတာဘဲ ဖြစ်စေရန် ဝီလျှံရှိန်း တစ်လမ်းလုံးဆုတောင်းလာသည်။ ကိုယ်က  ဆုတောင်းတွေကို ယုံကြည်လေ့မရှိသော်လည်း အချစ်ရှိနေရန်အတွက် ဝီလျှံရှိန်း ဆုတောင်းနေမိသည်။ 

ဝီလျှံရှိန်း အချစ်နေသည့် အခန်းသို့ အမြန်ပြေးတက်လာကာ အခန်းတံခါးကို ဖွင့်လိုက်သည်။ တိတ်ဆိတ်ခြင်းများဖြင့် ဝီလျှံရှိန်းအား ကြိုဆိုနေသည့် အချစ်၏ အိမ်ခန်း၊  စားပွဲပေါ်တွင် ဖုန်းလေးကို တင်ထားခဲ့သည်။ ဝီလျှံရှိန်း ဗီရိုဘေးတွင် ထိုင်လိုက်သည်။ ကိုယ့်ကို ဒါကြောင့်မို့ ချစ်တယ်လို့ ပြောခဲ့တာလားအချစ် ၊ အချစ်ကိုယ့်အနားက ထွက်သွားမှာမို့ကိုယ့်ကို ချစ်တယ်ပြောခဲ့တာလား ၊ ကိုယ်အချစ်ကို နောက်တစ်ခါ ပြောဖို့ မတောင်းဆိုတော့ပါဘူးအချစ် ကိုယ့်ဘေနားကိုဘဲ လာခဲ့ပေးပါအချစ် ၊ အချစ်မရှိရင် ကိုယ်တကယ်မဖြစ်ဘူးအချစ် ၊ ကိုယ့်ကိုချစ်ရင် ကိုယ့်ကို သနားရင် ကိုယ့်စီပြန်လာပေးပါအချစ်။

Find Love Because Of you (Complete)Opowieści tętniące życiem. Odkryj je teraz