ဒေါက် ! ဒေါက် !

တံခါးဖွင့်သံနှင့်အတူ ဟယ်ရီရဲ့ အသံဟာ တစ်ဆက်ထဲ ထွက်ပေါ်လာ၏ ။

"" သခင်လေး အိမ်ပြန်တော့မလား ။ ""

ချန်ဒလာ ခေါင်းတစ်ချက်ခါပြလိုက်၏ ။

"" အစ်ကိုလေးယိမ်းယိုင်ကို ဒီတိုင်းကြီးပဲ ထားတော့မှာလား ""

ဟယ်ရီ သိပ်စပ်စုချင်မိ၏ ။ ယူချင်လှပါသည်ဟူ၍
မှိုင်း Company ရဲ့ အကြွေး တွေကို တစ်ဖက်လှည့်‌နှင့် ချေပခဲ့ကာ သူ့လက်အောက်ထဲ သွင်းထားခဲ့၏ ။ ခုကျတော့လည်း တုတ်တုတ်မျှပင်မလှုပ် ရှိမြဲအတိုင်း ရှိဆဲပင်။ 

ချန်ဒလာ အပြုံးလေးတစ်ခုဆင်မြန်းလိုက်ကာ ခပ်မြန်မြန်ပင်ပြောလိုက်၏ ။ ထိုအပြုံး၏နောက်ကွယ်မှာ ဘာတွေပါဝင်လာမလည်းဆိုတာ ချန်ဒလာတစ်ဦးထဲသာ သိလိမ့်မည် ။

"" မနက်ဖြန် !! မနက်ဖြန်ပဲ ငါလက်ထပ်မယ် ""

"" ဗျာ !! ""

လက်ထပ်တယ်ဆိုတဲ့ အရာဟာလွယ်လွယ်ကူကူ လုပ်နိုင်သည်တဲ့လား ။ သခင်လေးစိတ်ကို သူနားမလည် ။ အမြဲ ခံစားချက်တွေကို သိုသိုသိပ်သိပ်နေတတ်သူသာ။ ခံစားနေရင်တောင် ထုတ်ပြမည်မဟုတ်။
သူ့ဘဝတွင် ဝသုန်ဟေဒန်နှင့် Gun များသာအရေးပါ၏ ။

ဝသုန်ဟေဒန်၏ စကားကိုတော့ အမြဲမြေဝယ်မကျနားထောက်တတ်၏ ။ သခင်ကြီးအက်စတွန်တောင်အဲ့လောက်မဟုတ် ၊ ဝသုန်ဟေဒန်၏စကားသည်သာ အရာရာ ။ ဘယ် လောက်ပဲရက်စက်ကြမ်းကြုတ်နေပါစေ ဝသုန်‌ဟေဒန်အရှေ့၌ချန်ဒလာဟေဒန်ဟာ မိဘကြောက်သောကလေးငယ်သာ ဖြစ်နေတတ်၏ ။ ဝသုန်ဟေဒန်ရှေ့ ရောက်မှသာ ချန်ဒလာဟေဒန်၏ ပင်ကိုအမူအကျင့်တွေဟာ တစ်ဟုန်ချင်းပေါ်လာတတ်သည်သာ ။

မှတ်မိပါသေး၏ ။ သခင်ကြီးဝသုန်ဟေဒန်ပြန်ပေးဆွဲခံရတုန်းက အပြစ်ရှိသူတွေကို လွယ်လွယ်မလွှတ်ပေးကာ သူ့လက်နဲ့ သူကိုယ်တိုင်ပဲ ရင်ဘတ်ကို အစိမ်းလိုက်ခွဲလိုက်ခြင်းတွေကို ။ သခင်ကြီးဝသုန်ဟေဒန် နာကျင်ခဲ့သည့် သေးသေးလေးတွေက အစ တေးမှတ်ထားကာ ပြန်လုပ်တတ်သေး၏ ။ အဲ့အချိန်ကတည်းက ဟယ်ရီမှတ်သားထားခြင်း
သခင်လေးချန်ဒလာဟာ သခင်ကြီးဝသုန်ဟေဒန်ကို နည်းနည်းလေးတောင်ထိ‌လို့မရ။ 

CHANDLER { Ongoing }Where stories live. Discover now