ပျန်းနမ် စဥ်းစားလိုက်ပြီးနောက် ဆက်၍ -

"ရေက ဘယ်မှာ သွားကူးမှာလဲ။ အခုအချိန်ဆို ဘယ်ရေကူးကန်ပဲဖြစ်ဖြစ် လူများနေမှာပေါ့။ မနှစ်က သူများနဲ့လိုက်ပြီး တစ်ခါ သွားဖူးတာ၊ အန်တီကြီးတွေက ရေချိုးဆပ်ပြာရည်တွေပါ ယူသွားတာ၊ အသုံးလိုလား မလိုလားလည်း မသိဘဲ ......"

"ရေကူးကန်ကို မသွားဘူး"

ချိုးယိ မတ်တတ်ရပ်လိုက်ပြီး -

"မြစ်ထဲမှာ သွားကူးမှာ"

"မြစ်ထဲမှာ ဟုတ်လား"

ပျန်းနမ် ကြောင်သွားခဲ့ပြီး -

"ငါ့လခွမ်း။ ငါတို့ ဟို မြို့ပတ်ကျုံးရဲ့ ကျုံးရေဆိုရင် ခုန်ဆင်းပြီး ပြန်ဆယ်ထုတ်လာတာနဲ့ 'ရွံ့ရုပ်-ကျန်း' ရဲ့ နောက်ဆုံးထွက် လက်ရာဆိုပြီးတော့ ဟန်ဆောင်လို့ရနေပြီ"

[T/N 1: 'ရွံ့ရုပ်-ကျန်း' - '泥人张' ဆိုတာကတော့ တရုတ်နိုင်ငံ၊ ထျန်းကျင်းမြို့က ကျေးလက်ရိုးရာ အနုပညာလက်ရာ ဖြစ်ပါတယ်။ ချင်းမင်းဆက်ခေတ်မှာ ကျန်းမင်ရှန်း (张明山) ဆိုတဲ့လူက ဖန်တီးခဲ့ပါတယ်တဲ့။]

"စောက်တုံးတွေပဲ ကျုံးထဲ ခုန်ဆင်းကြတာ"

ချိုးယိက အခန်းထဲ လျှောက်ဝင်သွားရင်း -

"မြို့ပြင်ထွက်မှာ"

"မြို့ပြင် ထွက်မှာ ဟုတ်လား။ ဘယ်လို ထွက်ဖို့လဲ။ ကားငှားမှာလား"

ပျန်းနမ်က သူ့နောက် လိုက်သွားရင်း ဆက်၍ -

"ဘယ်လောက်ဝေးလဲ"

"စက်ဘီးစီးသွားမှာလေ"

ချိုးယိ နောက်လှည့်ကြည့်ပြီး တန့်သွားခဲ့ပြီးနောက် -

"မေ့သွားတယ်။ မင်းမှာ စက်ဘီးမရှိဘူးပဲ ......"

"ကားငှားသွားမယ်လေ။ အလွန်ဆုံးနေမှ အသွားအပြန်နှစ်ကြောင်းစာ တွက်ပေးလိုက်ပေါ့ ကားခကို"

ပျန်းနမ်သည် မြို့ပြင်ထွက်မည်ဟု စဥ်းစားမိသည်နှင့်တစ်ပြိုင်နက် ရွေ့လျားလှုပ်ရှားမှု ကြီးမားလှသည်ဟု ခံစားရသည်။ ယေဘုယျအားဖြင့် ပြောရလျှင် သူတို့အိမ်ရှိလူများသည် နှစ်ကီလိုမီတာကျော် သွားရမည့်ခရီးအတွက် မော်တော်ကားမရှိလျှင်ပင် မည်သူမျှ မလှုပ်ရှားချင်ကြတော့ချေ။

《Wolf pair》- ဘာသာပြန်Where stories live. Discover now