Intro

7.9K 176 6
                                    


ဇာတ်လမ်းလေးက ပြည်မြို့ကို အခြေခံထားပါတယ်။ ယောက်ျားနှစ်ယောက်ရဲ့ အချစ်၊ ကျောင်းဆရာနှစ်ယောက်ရဲ့ အကြောင်း၊ သူတို့ နှစ်ယောက်ရဲ့ ဘဝဖြတ်သန်း နေထိုင်ပုံကို လက်လှမ်းမီသလောက် ပုံဖော်ပြီး တတ်သိသလောက် ရေးသားသရုပ်‌ဖော်ထားပါတယ်။

ဇာတ်လမ်းရဲ့ ပထမဦးဆုံးမှာ မိသားစု ပြဿနာလေး ရှိတဲ့ ကျောင်းဆရာလေးတစ်ယောက် တာဝန်ကျတဲ့ ရွာလေးကို သွားရတယ်။ ရွာလေးက ခေါင်ခိုက်နေမှာမဟုတ်ဘဲ ပဲခူးတိုင်း၊ ပြည်မြို့နဲ့ နီးတဲ့ ရွာ‌တစ်ရွာပါ။ အချိန်မရွေး ပြည်မြို့ကို ထ,သွားလို့ ရတယ်ဆိုတော့ အိမ်ဦးနဲ့ ကြမ်းပြင်ပါပဲ။

အဲ့ဒီရွာမှာ ခုနက ကျောင်းဆရာလေးက အခြေကျရတယ်။ ရွာသားတွေနဲ့ သင့်တင့်အောင် နေထိုင်ရတယ်။ ပြီးတော့ ဒေသအသစ်မှာ လုပ်ဖော်ကိုင်ဖက်အမျိုးမျိုးရဲ့ စိတ်အထွေထွေနဲ့ ကြုံကြိုက်ရတယ်။ ကလေးတွေကို တန်းတူညီမျှမှု၊ သာတူညီမျှမှုဆိုတဲ့ အခွင့်အရေးအဆိုပြုချက်တွေနဲ့ ပညာတွေ သင်ကြားလက်ဆင့်ကမ်းပေးရတယ်။

သူ့ဘဝက ရိုးရိုးရှင်းရှင်းလေးပါပဲ။ အဲ့ဒီနောက်မှာတော့ သူ့ဘဝထဲကို သူ့ထက် အသက်ကြီးတဲ့ လူတစ်ယောက် ဝင်ရောက်လာပါလိမ့်မယ်။ ထိုသူကလည်း သူ့လိုမျိုး အထက်တန်းပြ ကျောင်းဆရာပါပဲ။

မိဘက ချမ်းသာတယ်။ သူကိုယ်တိုင်က ပညာအရည်အချင်း မြင့်မားတယ်။ ပြီးတော့ သူက သီချင်းဆိုတာလည်း အလွန်ကောင်းပါတယ်။ မာနမကြီးတတ်ပါဘူး။ ခြွင်းချက်အနေနဲ့ကတော့ သူဟာ ရည်းစားများသူ ဖြစ်တာနဲ့ ဂုဏ်ရှိန်မောက်တဲ့ အမေ့စကားဆို တစ်ခွန်းဆို တစ်ခွန်း မြေဝယ်မကျ နားထောင်တတ်တဲ့ မာမားဘွိုင်းလို လူမျိုးပါ။

ဇာတ်လမ်းအပြည့်အစုံကိုတော့ fic လေးကို ဖတ်ရင်း ခံစားပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်။ အစအဆုံး ရို၊ ချို၊ ခါးနေမှာ မဟုတ်သလို SE လည်း မဟုတ်ပါဘူး။ အကြာကြီးနေမှ စာပြန်ရေးဖြစ်တာမို့လို့ အရေးအသား အဆင်မပြေရင် ခွင့်လွှတ်နားလည်ပေးဖို့ ကြိုတင် မေတ္တာရပ်ခံချင်ပါတယ်။

အတတ်နိုင်ဆုံးတော့ ကြိုးစားပြီး ရေးပါ့မယ်။ ဖတ်ရှုပြီး အကြုံဉာဏ်များ ပေးလို့ ရပါတယ်။ ဖတ်ရှုပေးလို့လည်း ကျေးဇူးအထူးတင်ရှိပါတယ်။

လေးစားလျက်










ဇာတ္လမ္းေလးက ျပည္ၿမိဳ႔ကို အေျခခံထားပါတယ္။ ေယာက္်ားႏွစ္ေယာက္ရဲ့ အခ်စ္၊ ေက်ာင္းဆရာႏွစ္ေယာက္ရဲ့ အေၾကာင္း၊ သူတို႔ ႏွစ္ေယာက္ရဲ့ ဘဝျဖတ္သန္း ေနထိုင္ပံုကို လက္လွမ္းမီသေလာက္ ပံုေဖာ္ၿပီး တတ္သိသေလာက္ ေရးသားသရုပ္‌ေဖာ္ထားပါတယ္။

ဇာတ္လမ္းရဲ့ ပထမဦးဆံုးမွာ မိသားစု ျပႆနာေလး ရိွတဲ့ ေက်ာင္းဆရာေလးတစ္ေယာက္ တာဝန္က်တဲ့ ရြာေလးကို သြားရတယ္။ ရြာေလးက ေခါင္ခိုက္ေနမွာမဟုတ္ဘဲ ပဲခူးတိုင္း၊ ျပည္ၿမိဳ႔နဲ႔ နီးတဲ့ ရြာ‌တစ္ရြာပါ။ အခ်ိန္မေရြး ျပည္ၿမိဳ႔ကို ထ,သြားလို႔ ရတယ္ဆိုေတာ့ အိမ္ဦးနဲ႔ ၾကမ္းျပင္ပါပဲ။

အဲ့ဒီရြာမွာ ခုနက ေက်ာင္းဆရာေလးက အေျခက်ရတယ္။ ရြာသားေတြနဲ႔ သင့္တင့္ေအာင္ ေနထိုင္ရတယ္။ ၿပီးေတာ့ ေဒသအသစ္မွာ လုပ္ေဖာ္ကိုင္ဖက္အမ်ိဳးမ်ိဳးရဲ့ စိတ္အေထြေထြနဲ႔ ႀကံဳႀကိဳက္ရတယ္။ ကေလးေတြကို တန္းတူညီမ်ွမႈ၊ သာတူညီမ်ွမႈဆိုတဲ့ အခြင့္အေရးအဆိုျပဳခ်က္ေတြနဲ႔ ပညာေတြ သင္ၾကားလက္ဆင့္ကမ္းေပးရတယ္။

သူ႔ဘဝက ရိုးရိုးရွင္းရွင္းေလးပါပဲ။ အဲ့ဒီေနာက္မွာေတာ့ သူ႔ဘဝထဲကို သူ႔ထက္ အသက္ႀကီးတဲ့ လူတစ္ေယာက္ ဝင္ေရာက္လာပါလိမ့္မယ္။ ထိုသူကလည္း သူ႔လိုမ်ိဳး အထက္တန္းျပ ေက်ာင္းဆရာပါပဲ။

မိဘက ခ်မ္းသာတယ္။ သူကိုယ္တိုင္က ပညာအရည္အခ်င္း ျမင့္မားတယ္။ ၿပီးေတာ့ သူက သီခ်င္းဆိုတာလည္း အလြန္ေကာင္းပါတယ္။ မာနမႀကီးတတ္ပါဘူး။ ႁခြင္းခ်က္အေနနဲ႔ကေတာ့ သူဟာ ရည္းစားမ်ားသူ ျဖစ္တာနဲ႔ ဂုဏ္ရိွန္ေမာက္တဲ့ အေမ့စကားဆို တစ္ခြန္းဆို တစ္ခြန္း ေျမဝယ္မက် နားေထာင္တတ္တဲ့ မာမားဘြိုင္းလို လူမ်ိဳးပါ။

ဇာတ္လမ္းအျပၫ့္အစံုကိုေတာ့ fic ေလးကို ဖတ္ရင္း ခံစားေပးဖို႔ ေမတၲာရပ္ခံခ်င္ပါတယ္။ အစအဆံုး ရို၊ ခ်ိဳ၊ ခါးေနမွာ မဟုတ္သလို SE လည္း မဟုတ္ပါဘူး။ အၾကာႀကီးေနမွ စာျပန္ေရးျဖစ္တာမို႔လို႔ အေရးအသား အဆင္မေျပရင္ ခြင့္လႊတ္နားလည္ေပးဖို႔ ႀကိဳတင္ ေမတၲာရပ္ခံခ်င္ပါတယ္။

အတတ္ႏိုင္ဆံုးေတာ့ ႀကိဳးစားၿပီး ေရးပါ့မယ္။ ဖတ္ရႈၿပီး အႀကံဳဉာဏ္မ်ား ေပးလို႔ ရပါတယ္။ ဖတ္ရႈေပးလို႔လည္း ေက်းဇူးအထူးတင္ရိွပါတယ္။

ေလးစားလ်က္







နှလုံးသားနယ်မြေ ကျူးကျော်ခွင့် ရှိသည်။Where stories live. Discover now