"" အဖေ !! ""

"" ငါ့ကို ပြန်မအော်နဲ့ စောဝန်း ! သားကအသုံးမကျမှတော့ ငါကိုယ်တိုင်ဦးဆောင်ရမှာပဲ။  ဒီပရောဂျက်ကို မင်းခနအတွင်းနားလည်အောင်လုပ် ။ medical ပိုင်းနဲ့ ငါ့လူနှစ်ယောက်ကိုထည့်ထားတယ် ။ !! ""

"" အဖေ လုပ်နေတာ ကျန်တဲ့လူ တွေပါ ထိခိုက်နိုင်တယ်ဆိုတာ အဖေသိလား ""

"" မင်းငါ့ကိုမရှည်နဲ့ စောဝန်း ။ ငါအကျိုးအမြတ်ရဖို့ပဲ ငါကြည့်နိုင်တယ် ဘယ်သူဘာဖြစ်ဖြစ် ငါဂရုမစိုက်ဘူး !! ""

"" ဟေဒန်မိသားစုပါ ထိခိုက်သွားနိုင်တာကော အဖေမသိတာလား ""

"" မင်းငါ့ကို မေးခွန်းပြန်မထုတ်နဲ့ !! ထိခိုက်သွားလည်း ငါ့အတွက်အရှုံးမရှိဘူး ။ ဒါ မင်းအတွက်
ချန်ဒလာနားပြန်ကပ်ဖို့ အခွင့်အရေးပဲ‌လေ ။ 
မင်းလည်းဟေဒန်မိသားစုထဲ မရရတဲ့နည်းနဲ့
ဝင်ဆံ့အောင်လုပ်ပေါ့ !!  ""

လက်ညှိုးထိုးကာ မျက်မှောင်ကျုံ့လျှက် စိတ်ဆိုးမာန်ဆိုးပြောနေသူအား မော့ကာ ငေးကာ ကြည့်ရုံသာတတ်နိုင်သည် ။

အဖေဖြစ်သူ ဦးသောက သူ့အတွက် အကျိုးမရှိရင် ဘယ်အရာမှ လုပ်မည်မဟုတ်ပေ ။ သားအဖနှစ်ယောက်သာကျန်သည့်အပြင် အမေဖြစ်သူဟာလည်း အဖေဖြစ်သူရဲ့ ဒဏ်တွေ မခံနိုင်လို့ ဆုံးပါးသွားရခြင်းဖြစ်၏ ။ သူ့အပေါ် နည်းနည်းပါးပါးလေးတောင် ငဲ့မကြည့်သူပင် ။ သားအဖဆုံသည့်အချိန်ဟာလည်းရှားလှသည် ။ သူအသုံးလိုသည့်အချိန်များ၌သာ ခေါ်ယူကာ အသုံးချခြင်းဖြစ်၏ ။ စောဝန်းဆိုသည့်သူအတွက်တော့ အဖေ၏သားမဟုတ် အသုံးလိုမှ ခေါ်တတ်သည့် အသုံးခံ သက်သက်သာ ။

အဖေအတွက်အန္တရာယ်ဟာ 50% မှာ မူတည်
နေသည် ။ အကျိုးအမြတ်အနည်းငယ်အတွက် မလုပ်တာ‌တွေ လုပ်ကိုင်လာသူ ။ စောဝန်းအဖေဖြစ်သူကိုလည်းမထိခိုက်စေချင်သလို  ချစ်ရသူကိုလည်း နည်းနည်းလေးမှ မထိခိုက်စေချင် ။

•~•~•~•~•~•~•~•~•~•~•~•~•~•~•~

ယိမ်းယိုင်း မြန်မာနိုင်ငံ ပြန်ရောက်နေသည်မှာ တစ်ပတ်ခန့်တိတိရှိသည် ဖြစ်သည် ။ အိမ်လည်း မပြန်ရသလို ဒီ အိမ်ကြီးထဲ၌ပင် အကျယ်ချုပ်ထောင်ကျနေရသည့်နှယ် ။ ကြာလာတော့ အိမ်ပြန်ပို့ဖို့ ညတိုင်းခနခနပြောရတာ အာညောင်းတာပဲ အဖတ်တင်သောကြောင့် ပြောကိုမပြောချင်တော့ ။ နေ့ဘက်တွေ၌ ချန်ဒလာဟာဘယ်တွေ့မှ စောစောပြန်လာခြင်းမရှိသူ့အတွက်တော့တစ်ပူအေးသေးသည်ပင် ။ ည ၁၀ နာရီထိုးက ချန်ဒလာပုံမှန်ပြန်လာသည့်အချိန်လိုပင် ဖြစ်နေသည် ။

CHANDLER { Ongoing }Where stories live. Discover now