လုရှသည်နောက်ဘာဆက်လုပ်မလဲလို့ တိတ်ဆိတ်စွာတွေးတောချင့်ချိန်လိုက်သည်။

အခုချိန်မှာ စာအုပ်ထဲကိုကူးပြောင်းလာခြင်းဖြစ်ကြောင်း အတည်ပြုပြီးသွားသဖြင့် ဇာတ်ကြောင်းကိုဘယ်လိုရှောင်ရှားရမလဲဆိုတဲ့အကြောင်း တွေးဖို့လိုသည်။ သူမအတွက်ဇာတ်လိုက်ကိုချစ်ကြိုက်ဖို့ မဖြစ်နိုင်ပဲ သူတို့နဲ့မပတ်သတ်မဆက်နွယ်ချင်ပေ။ ဒါပေမဲ့ သူတို့တွေကရွာတစ်ရွာတည်းမှာ အဆုံးသတ်သွားမယ်ဆိုရင် ကြုံဆုံမိမှာတော့မြေကြီးလက်ခတ်မလွဲပင်။

ထို့ကြောင့် အဲ့ဒီအချိန်ကျရင် သူမရဲ့တည်ရှိမှုကိုလျှော့ချကာ ခပ်ကုပ်ကုပ်လေးနေဖို့ကြိုးစားရုံသာတတ်နိုင်ပြီး နောက်မှတခြားနည်းတွေးကြည့်ရမည်။

စာအုပ်ထဲမှာ သူမကြုံတွေ့ရမဲ့အဖြစ်အပျက်တွေအတွက်ကတော့ လုရှအကြည့်တွေအလေးအနက်ဖြစ်သွားသည်။ ကြည့်ရတာ ကျေးလက်ကလုံးဝစိတ်မချရတဲ့ပုံပင်။ သူမရဲ့တိုက်ခိုက်ရေးစွမ်းရည်ကို အလျင်မြန်တိုးမြင့်ရန်လိုအပ်သည်။

ကျေးလက်သို့သူမခရီးစဉ်အကြောင်းတွေးနေရင်း ညနေခင်းသည်လျင်မြန်စွာနီးကပ်လာပြီး လူတိုင်းသည်ကိုယ်ပြင်ဆင်ခဲ့တဲ့စားစရာတွေကို ထုတ်ယူလိုက်ကြသည်။

ကုရှန့်နန်ကအကောင်းဆုံးဖြစ်ပြီး ပေကျင်းရဲ့နာမည်ကြီးဘဲကောင်လုံးကင်ဖြစ်သည်။ ဖွင့်လိုက်ချိန်တွင် ဘဲကင်ရဲ့ရနံ့သည် ရထားတွဲတစ်ခုလုံးချက်ချင်းပင် ပြည့်နှက်သွားသည်။

ကုရှန့်နန်ပြုံးပြီး သူတို့ကိုအတူစားဖို့ဖိတ်ခေါ်လိုက်ပေမဲ့ လုရှနဲ့ကျန်းကျွင်းမော့တို့နှစ်ယောက်စလုံး ငြင်းဆန်လိုက်ကြသည်။ နောက်ဆုံးမှာတော့ အသားဟင်းတစ်နပ်ပဲဖြစ်ကာ ပထမအကြိမ်တွေ့ဆုံစဉ်အတွင်းမှာ သူများဟာစားဖို့က မှန်တယ်လို့မခံစားရပေ။

စူးမန့်လည်းငြင်းဆိုလိုက်ပေမဲ့ ဝက်သားနှပ်ထမင်းဘူးတစ်ခုထုတ်ယူလိုက်ပြီး ကုရှန့်နန်ရဲ့ထမင်းလိုပင် အရသာရှိပြီး အလွန်မွှေးပျံ့တဲ့အနံ့ရှိသည်။ သူတို့ကိုအတူစားချင်မလားလို့ သူမကယဉ်ကျေးစွာမေးလိုက်ပေမဲ့ သူတို့တွေကလည်းငြင်းဆိုလိုက်ကြသည်။

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Onde histórias criam vida. Descubra agora