စိုင်းစဝ် အအေးခွက်ကို ကိုင်လာကာ ဧည့်ခန်းထဲက ခုံတွင်တင်ထားလိုက်သည်။

"သူမရှိဘူး အိမ်ပြန်သွားတယ်"

"အော် ‌ အဲ့ဒါကြောင့်မတွေ့တာကို"

"အွန်း အိမ်မပြန်တာကြာပြီလေ သူ့အိမ်ကခေါ်နေပြီ ထင်တယ်"

"အေးလေ ဟုတ်မှာပေါ့ "

တစ်ဖက်တွင် ဝီလျှံရှိန်း အိမ်သို့ပြန်ရောက်သည့်အခါ မာမီက ဒယ်ဒီစာကြည့်ခန်းသို့ သွားလိုက်အုံးဆို၍ ဝီလျှံရှိန်း ဝင်လာခဲ့လိုက်သည်။

'ဒေါက်..ဒေါက်..ဒေါက် ဒယ်ဒီ ကျွန်တော်ပါ'

"ဘုတ်"

ဝီလျှံရှိန်း ဝင်လိုက်သည်နှင့် စာအုပ်ပျံကာ ဝီလျှံရှိန်းဘက်သို့ လွှင့်လာသည်။

"မင်း နိုင်ငံခြားကို သွားတော့ ဟိုမှာ ကျောင်းဆက်တက်ဖို့ အကုန်စီစဉ်ထားပေးပြီးပြီ"

"ကျွန်တော်မသွားနိုင်ဘူး ဒယ်ဒီ "

"မင်းက အဲ့ဒီ ဘာမဟုတ်တဲ့သူအနားမှာ နေဖို့ စဉ်းစားနေတာလား  မင်းကို ငါဘာမှ မပြောဘူးဆိုတာ မသိလို့လို့မထင်နဲ့နော် ဝီလျှံရှိန်း ငါမင်းအဖေကွ အကုန်သိတယ်"

"ဒယ်ဒီသိနေမှန်း ကျွန်တော်သိတယ် ဒယ်ဒီ ဒါပေမဲ့ ကျွန်တော်မသွားနိုင်ဘူး ဒီမှာဘဲ ကျွန်တော်နေမယ်"

ဝီလျှံရှိန်း ဒယ်ဒီကို ပြောပြီးသည်နှင့် အိမ်ခန်းထဲသို့ ဝင်လာခဲ့လိုက်သည်။ ခနအကြာတွင် မာမီနှင့် အစ်မက ဝီလျှံရှိန်း၏ အခန်းသို့ ဝင်လာသည်။

"သားရဲ့ ဒယ်ဒီကို နားလည်ပေးလိုက်ပါနော် ဒယ်ဒီက သားကို ကောင်းစေချင်လို့"

"မာမီ ကျွန်တော် ဒယ်ဒီက ကောင်းစေချင်တယ်ဆိုတာ နားလည်ပေးမယ့် ကျွန်တော့်ကို အတင်းအကြတ်မလုပ်ပါနဲ့ "

"သားကို ဘယ်မှ မသွားခိုင်းစေရဘူး မာမီတာဝန်ယူတယ်"

"ကျွန်တော် အပြင်သွားတော့မယ်မာမီ"

"အပြင်မှာဘဲ မအိပ်နဲ့သား အိမ်ကို ပြန်လာတာလဲ မကြာသေးဘူး အိမ်မှာလေးနေပါအုံးလားသားရယ်"

"မာမီ့သားအကြောင်းလဲ သိတဲ့အတိုင်းဘဲ သူမပျော်တဲ့နေရာမှာ ကြာအောင်မနေနိုင်ဘူးလေ မာမီရဲ့ သူ့ကိုစိတ်မပူပါနဲ့ မာမီ လာသမီးတို့သွားကြရအောင်"

Find Love Because Of you (Complete)Donde viven las historias. Descúbrelo ahora