"အာ့ပေါင်က တကယ်ကိုပဲ ခွေးပေါက်လေးစရိုက်ဗီဇနဲ့ပဲဟ။ စားရတာကိုပဲ မှတ်ထားပြီး ရိုက်တာကို မမှတ်ထားဘူး"

"သာ့ဟူကျစ်"

ချိုးယန့် ရေချိုးပြီးသွားပြီးနောက် အဝတ်များကို ပိုက်ရင်း ထွက်လာကာ တစ်ချက်ဝေ့အကြည့်တွင် စပျစ်စင်အောက်၌ ထိုင်နေလျက်ရှိသည့်ပျန်းနမ်ကိုမြင်သော် အံ့သြတကြီး အော်ခေါ်လိုက်သည်။ ခုန်ရင်းပေါက်ရင်း ပြေးလာကာ -

"အစ်ကို ပြန်သွားပြီ မဟုတ်ဘူးလား"

"အင်း။ လမ်းသွယ်ထိပ်ရောက်တော့ ဖရဲသီးတွေ့တာနဲ့ တစ်လုံးဝယ်လာခဲ့တာ။ စားချင်လား"

ပျန်းနမ်က သူ့ကို ပေါင်ပေါ် ချီတင်လိုက်ပြီး သူ့ နဖူးလေးကို သပ်ပေးရင်း -

"အခုမှ ရေချိုးပြီးတာကို ဘယ်လိုဖြစ်လို့ နဖူးမှာ ချွေးတွေ ပြည့်နေရတာလဲ"

"သီချင်းဆိုလိုက်လို့ ထွက်လာတာ"

ချိုးယန့်က အလွန်ကျယ်လောင်စွာ ပြန်ဖြေသည်။

ဘေးနားရှိ ချိုးယိက လက်ညှိုးထောင်ပြီး ပါးစပ်နားတွင် ထားလိုက်ရင်း -

"သူများတွေ အိပ်နေပြီ"

"သား သီချင်းဆိုနေတာရော်"

ချိုးယန့်က အသံကို နှိမ့်ပြီး ပျန်းနမ်နားရွက်နားတွင် တီးတိုးပြောပြသည်။

"မင်း ဖရဲသီးစားချင်တာလား"

ဖရဲသီးကို တောက်လျှောက်စိုက်ကြည့်နေသော ချိုးယန့်၏မျက်လုံးကို ချိုးယိတွေ့သွားပြီး မေးလိုက်ခြင်းဖြစ်သည်။

"စားလို့ရလား"

ချိုးယန့်က လေသံတိုးတိုးဖြင့် မေးရင်း -

"သား တစ်စိတ် စားချင်တယ်"

"စား"

ချိုးယိက ခေါင်းညိတ်သည်။

ပျန်းနမ် မတ်တတ်ရပ်ပြီး မီးဖိုချောင်ထဲသွားကာ ဓားသွားယူသည်။ ချိုးယန့်၏ညွှန်ကြားမှုဖြင့် ဗီရိုထဲမှ တစ်ပေခန့်ရှည်သော ဖရဲသီးခွဲသည့်ဓားတစ်လက် ယူထုတ်လာသည်။

"ငါ့လခွမ်း မင်းတို့အိမ်မှာ ဒီဟာလည်း ရှိသေးတယ်လား"

ပျန်းနမ်က ဓားကိုကိုင်မြှောက်လျက် စားပွဲဘေးနားသို့ ပြန်ရောက်လာကာ -

《Wolf pair》- ဘာသာပြန်Where stories live. Discover now