"ချိုးယိ"

အတွင်းခန်းထဲမှ ဖေဖေချိုး၏ခေါ်သံ ထွက်ပေါ်လာသည်။ ထို့နောက်ဆက်ပြီးထွက်ပေါ်လာသည်မှာ ဆိုးရွားပြင်းထန်သော ချောင်းဆိုးသံများ ဖြစ်သည်။

"အဖေ ဆေးသောက်ပြီးပြီလား"

ချိုးယိက ချိုးယန့်အား မေးလိုက်ရင်း ဝှီးချဲကို အတွင်းခန်းဆီ တွန်းဝင်သွားသည်။

"ညဘက်သောက်ရမယ့်ဟာတွေတော့ မသောက်ရသေးဘူး"

ချိုးယန့်က နံရံပေါ်မှ နာရီကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် စားပွဲဘေးသို့ ပြေးသွားပြီး အံဆွဲဖွင့် ဆေးသေတ္တာလေးတစ်လုံးယူထုတ်ကာ ချိုးယိနောက်မှလိုက်သွားပြီး အခန်းထဲဝင်သွားသည်။

ပျန်းနမ်က ဧည့်ခန်းတွင် ဝင်ထိုင်လိုက်သည်။ သူ အနည်းငယ်ရေငတ်နေရာ ချိုးယန့်ရေခွက်ဖြင့် ရေသောက်ချင်နေသည်။ သို့သော် ကျန်ရှိနေသော အဖြူတစ်လုံး အနီတစ်လုံး ရေခွက်နှစ်လုံးထဲတွင် မည်သည့်ခွက်က ချိုးယန့်ရေခွက်ဖြစ်မှန်း သူ ခွဲခြား၍မတတ်နေသည်။ ခွက်မှားပြီး သုံးမိလျှင် မယဥ်ကျေးသလို ဖြစ်သွားမည်ကိုလည်း စိုးရိမ်နေ၏။

အတော်ကြာအောင် ချီတုံချတုံဖြစ်နေပြီးတော့မှ အမည်းရောင်ရေခွက်ကိုသာယူပြီး ရေထည့်သောက်လိုက်တော့သည်။

.

"ခဏနေကျရင် သာ့ဟူကျစ်ကို မပြန်ခိုင်းနဲ့တော့။ အာ့ပေါင်က ငါနဲ့လာအိပ်။ မင်းတို့နှစ်ယောက်က မင်းတို့ဟိုအခန်းမှာ အိပ်လိုက်"

အဖေက ဆေးသောက်ပြီးသွားပြီးနောက် ချိုးယိအား ကြည့်နေရင်း -

"ဒီမိုးက နာရီပိုင်းအတွင်း ရပ်လောက်မှာ မဟုတ်ဘူး"

"ဟုတ်ပြီလေ"

ချိုးယန့်က အဖေ့ဆီ တိုးဝင်သွားပြီး ကိုယ်ပေါ်တွင် သွားမှောက်လိုက်ရင်း -

"သားက အဖေ့ဆီမှာ အိပ်မယ်"

"အဖေ စိတ်ထဲ မထည့်နေနဲ့တော့"

ချိုးယိက ဆေးသေတ္တာကို သိမ်းဆည်းလိုက်ပြီးနောက် -

"သူများကလည်း ကလေးမဟုတ်တော့ဘူး။ မိုးမိချင်ရင် မိပါစေပေါ့၊ ဒီလောက်အများကြီး လိုက်ဂရုစိုက်နေရတယ်လို့"

《Wolf pair》- ဘာသာပြန်Where stories live. Discover now