အပိုင်း {၂၄} [ဂ]

Start from the beginning
                                    

"ဟုတ် ညွှန်းလည်းလာပြီ"

ညွှန်း ပြန်ဖြေလိုက်သော်လည်း ဟေသာက အပြင်ရောက်သွားပြီး သူ့ဖြေတာကို ဘာမှပြန်မပြောတော့ချေ။

"ညွှန်း သွားပြီနော် မမလွမ်း"

မမလွမ်းရဲ့ လက်နှစ်ဖက်ကိုဆုပ်ကိုင်ပြီးပြောတော့ မမလွမ်းဟာ ခေါင်းလေးညိတ်သည်။ ထို့ကြောင့် ညွှန်းလည်း ဟေသာ့နောက်ကိုပြေးလိုက်ဖို့ တံခါးဝနားကို အမြန်သွားလိုက်သည်။ ဖိနပ်စင်မှာ ဖိနပ်ထုတ်နေတုန်း မမလွမ်းဟာ သူ့အနားရောက်လာပြီး သူ့အနားမှာထိုင်ချလိုက်သည်။

"မမလွမ်း ဘာလုပ်..."

"ငြိမ်ငြိမ်နေ လွမ်း စီးပေးမယ်"

ညွှန်းရဲ့ Snaker လေးကို မမလွမ်း လက်နဲ့ထိလိုက်တော့ ညွှန်း အလျင်မြန် မမလွမ်းလက်လေးကိုဆုပ်ကိုင်လိုက်သည်။ ထိုရလဒ်က စူးရှရှအကြည့်တစ်ချက်ကို ပြန်ရရှိသည်။

"ခြေထောက်ပေး"

လေသံက ခပ်မာမာဖြစ်နေ၍ ညွှန်းမတားရဲတော့ပဲ လက်လေးကိုလွှတ်လိုက်မိသည်။

"အို! ဆောင့်​ကြောင့်ထိုင်နေရင်း ခြေထောက်ပေးမှတော့ ဘယ်လိုစီးပေးရပါ့မလဲ။ ထလေကွယ် ဟေသာ့ကို မမှီပဲနေမယ်"

ညွှန်း အဆူခံလိုက်ရသည်ထင်တာပဲ။ သို့သော်လည်း အဲ့ဒါကို သေချာမတွေးနိုင်ခင်မှာ ခန္တာကိုယ်က မမလွမ်းပြောတဲ့အတိုင်းလိုက်လုပ်မိသားလေ။

"ရပြီ ဂရုစိုက်နော်"

မမလွမ်းဟာ ကြိုးလေးတွေကိုသေသပ်စွာချည်ပေးပေမဲ့ အတော်မြန်သည်မို့ ခဏလေးနှင့်ပြီးသွားသည်။ ထို့နောက်မှ ပြုံးချိုတဲ့ မျက်နှာလေးနှင့်သူ့ကိုသွားခိုင်းတော့ ခေါင်းလေးညိတ်ပြီး ဟေသာ့နောက်ကိုလိုက်ဖို့လုပ်လိုက်သည်။

"ချိုကိုပိုင်းလေး"

အိမ်ကထွက်ခါစပဲရှိသေးပေမဲ့ သူတစ်ယောက်တည်း ခေါ်သောနာမ်စားလေးကြောင့် ညွှန်း ခြေလှမ်းတို့ ရပ်တန့်လိုက်သည်။ ပြီးနောက် တစ်ပြိုင်နက် အနောက်ကိုလှည့်ကြည့်လိုက်တော့ မမလွမ်းဆီမှ နှုတ်ခမ်းလှုပ်ရုံပြောလာသည့် စကား ၃ လုံးကြောင့်ပြုံးလိုက်မိသည်။ 'ချစ်တယ်နော်' တဲ့လေ။

လွမ်းပျက်ပြယ်Where stories live. Discover now