အပိုင်း {၂၄} [ဂ]

Comenzar desde el principio
                                    

ငယ် ထရပ်ပြီးပြောတော့ မေမေဟာ သက်ပြင်းသဲ့သဲ့ချသည်။ သို့သော် ဘာမှမပြောချေ။ နောက်တော့ ငယ် အင်္ကျီလဲလို့ရအောင် အပြင်ထွက်ပေးသည်မို့ Hoodie အနက်တစ်ထည်နှင့် ဂျင်းဘောင်းဘီတစ်ထည်ကို ဗီဒိုထဲမှ ဆွဲထုတ်ပြီး အမြန်ဝတ်ဆင်လိုက်သည်။ ဟိုနေ့က ဒေါသကြောင့် သေချာမပြီးပြတ်လိုက်တဲ့ စာရင်းကို ဒီနေ့ရှင်းရမည်လေ။

...

"ပြန်လာနော်"

"အွန်းပါ တေးသံရယ် ပြန်လာမှာမို့ မစိုးရိမ်ပါနဲ့"

ဟေသာ ထိုသို့ပြောသော်လည်း လွမ်းမျက်နှာလေးဟာ စိတ်မချဖြစ်နေတာ သိသာလှသည်။

"ချိုကိုပိုင်းလေး စိတ်ချမယ်နော်"

အဲ့လောက် ဟေသာ့ကိုစိုးရိမ်တကြီးဖြစ်နေတာဟာ ခါတိုင်းဆို ဟေသာ့ကို နွေးထွေးစေပြီး ပြုံးမိစေမှာ။ အခုတော့ ဟေသာ မပြုံးနိုင်။ ဘာလို့လဲဆိုတော့ ဒီနေ့ အဖိုးနဲ့ စကားပြောပြီးသွားရင် ဟေသာ့အတွက် အချိန်ဟာ ရက်ပိုင်းမျှသာကျန်လောက်တော့မှာ။

"ဟုတ် ညွှန်း သေချာလိုက်ပို့လိုက်ပါ့မယ်။ ပြန်လည်း ခေါ်လာပါ့မယ်။ အဲ့ဒါကြောင့် စိတ်မပူပါနဲ့နော်"

ညွှန်းပြောတော့မှ မမလွမ်းဟာ ခေါင်းလေးညိတ်နိုင်သည်။ အမှန်တော့ ညွှန်းဟာ ဟေသာနှင့်သွားဖို့ မဟုတ်ချေ။ ဟေသာ့ကို သူ့အဖိုးက လှမ်းခေါ်သည်မို့ ဟေသာက သွားကိုသွားရမည်။ ညွှန်းကကျ မမလွမ်းဆီကို ခဏလာနေသည်သာဖြစ်၍ အင်္ကျီအလုံလောက်မပါ။ အခုလည်း မမလွမ်း အင်္ကျီကိုတစ်ရက်ယူဝတ်ထားပေမဲ့ မမလွမ်း အင်္ကျီဟာ ညွှန်းအတွက် သေးလွန်းလှသည်။

ထို့ကြောင့် အိမ်ပြန်ယူမှာဖြစ်သည့်အတွက် ဟေသာနှင့် အတူသွားဖို့ဖြစ်လာသည်။ မမလွမ်းက ဟေသာ့ကို သူကိုယ်တိုင်လိုက်မပို့ရရင်ပေးမသွားရဆိုပြီး မျက်စိအောက်ကပင် အပျောက်မခံဘူးလေ။ အဲ့ဒါကနေစကားများရာမှ ညွှန်းနှင့်အတူသွားဖို့ ဟေသာက လက်ခံလိုက်ရတာ။

"စိတ်မပူပါနဲ့"

"တို့ ဆင်းနှင့်မယ် ဖွဲ့ရာ"

မမလွမ်းကို စိတ်မပူရန်ထပ်ပြောနေတော့ ဟေသာက အပြင်ထွက်တော့ဖို့ တံခါးကိုဖွင့်ရင်းပြောလာသည်။

လွမ်းပျက်ပြယ်Donde viven las historias. Descúbrelo ahora