"မင်းကလည်း အများကြီးလိုက်ပြီး ဂရုစိုက်နေရတယ်လို့။ မင်းအတွက် အရိုးစွပ်ပြုတ်လုပ်လာပေးရင် သောက်လိုက်ပေါ့။ အများကြီး လိုက်မေးနေသေးတယ်"

ရှန်းထောင်းက ချိုင့်ကိုဖွင့်ပြီး မွှေးကြည့်လိုက်သည်။

"ငါပြောဖူးတယ်၊ သူ့ကို ပိုက်ဆံရမ်းသမ်းသုံးခွင့်မပြုထားဘူးလို့"

ချိုးယိက တီဗွီကြည့်နေလျက် ဆက်၍ -

"လိမ်မပြောရဘူးလို့လည်း ပြောထားဖူးတယ်"

"မင်းခြေထောက်ကိုမြင်တာနဲ့ သူ့မှာ တုန်တောင်တုန်သွားတာ။ အရိုးစွပ်ပြုတ်ဝယ်တာကလည်း မင်းကောင်းဖို့အတွက်ပဲ မဟုတ်ဘူးလား"

ကျန်းခိုင်က ကျွတ်ခနဲစုတ်သပ်လိုက်ပြီး ဆက်၍ -

"လိမ်မပြောရဘူးဆိုပြီးတော့ အစ်ကိုလုပ်တဲ့မင်းတောင် ဦးဆောင်ပြီး လိမ်ပြောခဲ့ပြီလေ"

"ငါ ဘာကိုလိမ်ပြောလို့လဲ"

ချိုးယိက သူ့ကို တစ်ချက်ကြည့်လိုက်သည်။

"ဒါက ဘယ်သူလုပ်တာလဲ"

ရှန်းထောင်းက ချိုးယိခြေထောက်ကို လက်ညှိုးညွှန်လိုက်ပြီးနောက် ကျောက်ပတ်တီးပေါ်တွင်လည်း ခေါက်လိုက်ကာ -

"ဖန်းယိဖုန်းလား"

"သူဝန်ခံလိုက်ပြီလို့ မင်းတို့ပဲ ပြောနေကြတာမဟုတ်ဘူးလား"

ချိုးယိက ရယ်လိုက်သည်။

"ဒါဆို မင်းဆေးရုံဆင်းပြီးရင် ငါတို့ ဒီရန်ကြွေးကို ဘယ်သူ့ဆီကနေ ပြန်တောင်းရမလဲ"

ရှန်းထောင်းက သူ့ကိုစိုက်ကြည့်နေသည်။

"ဖန်းယိဖုန်းပေါ့"

ချိုးယိက သူ့ဘေးရှိစွပ်ပြုတ်ချိုင့်ကို လှမ်းယူလိုက်သည်။ ဇွန်းတောင် တစ်ခါသုံးဇွန်းကြီးကို ဘွားဘွားလီအိမ်က ချိုင့်လို့ လာပြောနေသေးတယ်။ ဘွားဘွားလီအိမ်က တစ်ခါသုံးဇွန်းနဲ့ ထမင်းစားလို့လား...။

ရှန်းထောင်းနှင့်ကျန်းခိုင်တို့က လူနာဆောင်တွင် အချိန်ကြာကြာမနေဘဲ ပြန်သွားကြသည်။ ကျောင်းကို သူတို့ ပြန်သွားရမည်။ ယခုတွင် အတန်းပိုင်ဆရာက နေ့တိုင်း တစ်နေ့တစ်ကြိမ်အတန်းလာစစ်သည်။ ကျောင်းအိပ်ကျောင်းစား မနေသောကျောင်းသားများမှလွဲလျှင် ကျောင်းတွင်းထဲတွင်နေသော ကျန်သည့်သူများအားလုံး တစ်ယောက်မကျန် နာမည်စာရင်းစစ်ဆေးခံရသည်။

《Wolf pair》- ဘာသာပြန်Where stories live. Discover now