"မြေးလေး သူငယ်ချင်းကိုကော ခေါ်ခဲ့လေ"

"ဝီလျှံရှိန်း သွားကြမယ်လေ"

စိုင်းစဝ်တို့ အဖွားနှင့်အတူ မြို့ဈေးအားပတ်လိုက်ကြသည်။ ဖွားက စိုင်းစဝ်လက်အားဆွဲထားသည်။ ဝီလျှံရှိန်းက အဖွား၏ နောက်တစ်ဖက်မှနေ၍  တွဲကာလိုက်လာသည်။ တစ်ဖက်တွင်လဲ ဈေးခြင်းအားကိုင်ထားသည်။

"ဖွားနန်းမူတို့ကတော့နော် တစ်ဖက်ကို မြေးတစ်ယောက်စီနဲ့ဈေးလမ်းလျှောက်လာပါလား"

"ဒါပေါ့ ဒီဘက်က မြေးလေးရဲ့ သူငယ်ချင်းလေး ချောတယ်မလား"

"ဘယ်လိုများပြောလိုက်တာလဲ ဖွားနန်းမူရယ်  ကျုပ်မှာ သမီးရှိရင်  သမက်တောင်တော်ချင်သွားပြီ"

"အမယ်လေး အပျိုကြီးရေ ကလေးအရင်မွေးပြီးမှ ကျုပ်မြေးကို သမက်တော်လိုက်"

"နော် မြေး" 

"အန်တီမှ သမီးရှိလဲကျွန်တော့် သူငယ်ချင်းက မယူဘူးတဲ့ ဖွားသွားကြမယ်"

စိုင်းစဝ် ဝီလျှံရှိန်းကို ကြည့်လိုက်သော်လည်း ဝီလျှံရှိန်းမှာ ထိုအန်တီပြောသမျှကို ပြုံးကာ နေသဖြင့် စိုင်းစဝ်မနေနိုင်ဘဲဝင်ပြောလိုက်သည်။ ဖွားနှင့် ဈေးကို ဝယ်စရာများ ပြီးသည့်အခါ အိမ်သို့ပြန်လာခဲ့ကြသည်။ ပြန်သည့် လမ်းတစ်လျှောက်တွင် စိုင်းစဝ် ဆူပုတ်စွာဖြင့်လိုက်ခဲ့သည်။

"ဖွားမြေးလေး ဘာတွေအလိုမကျဖြစ်နေတာလဲ"

"ဘာမှ မဖြစ်ပါဘူးအဖွား ကျွန်တော် ပြည့်လျှံတို့ အိမ်ဘက်သွားလိုက်အုံးမယ်ဖွား"

"အေအေ မြေးသူငယ်ချင်းကိုကော..."

စိုင်းစဝ် ဝီလျှံရှိန်းကိုလဲ မခေါ်ချင်တော့သည်ဖြစ်၍ ဒီအတိုင်း ပြေးထွက်လာခဲ့သည်။ ထိုအန်တီပြောသမျှကို ပြုံးကာ နေသည့် ဝီလျှံရှိန်းကိုလဲ ဒေါသထွက်ပါသည်။ ကောင်လေးချောချောလေး မြင်သည့် အခါတိုင်း သမက်တော်ချင်နေသည့် အန်တီကြီးကိုလဲဒေါသထွက်သည်။ 

စိုင်းစဝ် ပြည့်လျှံတို့အိမ်တွင် အချိန်အတော်ကြာသည်အထိ နေခဲ့သည်။ ပြည့်လျှံတို့နှင့် ကမ်းနားလမ်းဘက်သို့ ရောက်ခဲ့သေးသည်။ ပြည့်လျှံ၏ အမေကတော့ သူရအား အတော်ပင် သဘောကျနေသည်။ စိုင်းစဝ် အိမ်တွင် ဝီလျှံရှိန်းအား ထားခဲ့ရသည်ဖြစ်၍ ပြန်လာခဲ့လိုက်သည်။

Find Love Because Of you (Complete)Where stories live. Discover now