"အချစ် ဟူဒီအပါးလေးဝတ်ထားလိုက်နော် "

"အွန်း မင်းငနေယ် ကျောင်းမှာကျတော့ ဘယ်သူနဲ့မှ အပေါင်းအသင်းမလုပ်ဘဲနဲ့ ဦးလေးတို့နဲ့ကျတော့ ရင်းနှီးလွယ်တယ်နော်"

"အချစ်ကလဲ ကျောင်းကသူတွေက ပြီးရင် တွေ့ရမှာမှ မဟုတ်တာ အခုမိသားစုကျတေယ့ မတူဘူးလေ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ကိုယ်တို့က တစ်မိသားစုထဲ ဖြစ်လာကြမှာ အဲ့ဒါကြောင့် ရင်းနှီးထားဖို့ လိုတယ်လေ"

"ဘာဘဲဖြစ်ဖြစ်ပါ အခုလို မင်းက ရင်းရင်းနှီးနှီးနေပေးတာကို ကျေးဇူးတင်ပါတယ် "

"မဟုတ်တာ ကိုယ်က ကျေးဇူးတင်ရမှာပါ အချစ်ရဲ့ မွေးရပ်မြေကို ‌ကိုယ့်ကိုခေါ်ခဲ့ပေးလို့ အချစ်ရဲ့အကြောင်းကို ကိုယ်ပိုပြီးသိရတယ်လေ ဒီထက်ပိုပြီး ကိုယ့်ကို သိရအောင်ပြောပြပေးနော်အချစ်"

"သိချင်ရင် မင်းဘာမင်း စုံစမ်းပေါ့ သွားမယ် အဖွားတို့ ဗိုက်ဆာနေလိမ့်မယ် "

"ဟုတ်ပါပြီ"

စိုင်းစဝ် အဖွားတို့ထိုင်နေသည့်အနားသို့ သွားလိုက်သည်။ 

"ကဲဖွားတို့ ထမင်းစားကြရအောင် မြေးရဲ့ သူငယ်ချင်းတစ်ယောက်ကတော့ ပြည့်လျှံတို့ အိမ်ကို သွားလိုက်လေရဲ့ကွယ်"

"ဟုတ်ဖွား သားသွားခေါ်လိုက်ပါမယ်"

"အေအေ "

စိုင်းစဝ်ပြည့်လျှံတို့ အိမ်ဘက်ကို သွားရန် ထွက်လာခဲ့သည်။

"ကျွန်တော် ပြန်လာပါပြီ"

စိုင်းစဝ်အပြင်ဘက်ပင် မရောက်သေး သူရ၏ အသံကိုကြားလိုက်ရသည်။ 

"လာသူငယ်ချင်းသွားကြရအောင်"

စိုင်းစဝ်တို့အဖွားတို့နားကို ပြန်သွားလိုက်သည်။ စိုင်းစဝ်အဖွားနှင့် ထမင်းဝိုင်းပြင်ကူပေးနေလိုက်သည်။ စိုင်းစဝ်တို့၏ မြို့တွင် ညဘက်ရောက်သည်နှင့် မြူလေးတွေစိုင်းလာကာ အနည်းငယ် အချမ်းပိုလာသည်။ စိုင်းစဝ်တို့ အိမ်လေး၏ ထမင်းဝိုင်းလေးသည် ရိုးရှင်းပါသည်။ ဒီလိုအချိန်တွင် အိမ်တိုင်းတွင် စိုက်ခင်းကိုယ်စီရှိကြ၍ အသီးအနှံများပေါများသည့်အချိန်လဲ ဖြစ်သည်။ 

Find Love Because Of you (Complete)Where stories live. Discover now