"" ယိမ်းယိုင်ရေ ! အစ်ကိုတို့သွားကြမယ် မြို့ပြင် ထိဆိုတော့ နေပူတယ် ! ""

ယိမ်းယိုင်လည်း အပြင်ဘက်ရှိကိုစိုးသူ၏အသံကြားသည်နှင့် ...

"' လာပြီ ၊ လာပြီ ကိုစိုးသူ ""

မြို့ပြင်ထိ ကားငှားစီးကာ သွားကြမည်ထင် ။ ခြံရှေ့တွင် တက္ကစီကားအဖြူလေးကိုရပ်ထားကာ
ဒါလီယာဝမ်နှင့် ကိုစိုးသူတို့က စကားပြောနေကြသည် ။

' ကျစ် ၊ သူလိုက်မှာတော့ မဟုတ်ပါဘူးနော် '

"" ကောင်လေး လာလေကွာ ဟိုမှာ စုံနေလောက်ပြီ ""

"" အမဒါလီယာဝမ် က ဘာလိုက်လုပ်မှာလည်း ""

"" မင်းပါနေတာကို တူလေးရဲ့ ""

"" ကျွန်တော်ကလေးမဟုတ်ဘူး။
အမ နေခဲ့လို့ရတယ် ""

ဒါလီယာဝမ် အဲ့ပွဲကိုသွားချင်နေသည်မှာ အမှန်ပင် တစ်စုံတစ်ယောက်နှင့်တွေ့လိုတွေငြား အဝေးကပင်တွေ့ကြည့်ရသည်ပင်ဖြစ်ဖြစ် ၊ ကနေဒါထိ သူလိုက်ခဲ့သည်မှာလည်း တစ်စုံတစ်ယောက်‌ကို တွေ့ချင်ရုံသက်သက် ၊ ဒီလိုငချွတ်ပြိုင်မယ့်ပြိုင်ပွဲကို လိုက်အားပေချင်လို့တော့မဟုတ် ။ နိုင်နိုင် ရှုံးရှုံး သူနဲ့မဆိုင် ။

' လူကြည့်တော့မလောက်လေးမလောက်စား သူ့များပစ္စည်းတွေနဲ့ချမ်းသာနေတဲ့ကောင်ကများ ။ သူ့ကိုယ်သူ ဒီပြိုင်ပွဲလေးကိုသိပ်အထင်ကြီးနေတယ်ငါ့ခြေဖျားအောက်ရောက်မယ့်ကောင်ကများ '

စိတ်ထဲရှိစကားသံတို့နှင့်ဆန့်ကျင်စွာ အပြင်ဘက်ခြမ်းတွင်တော့ ...

"" အဲ့ကိုရောက်ရင် အမဘာသာနေမှာပါ ။ မင်းကို မရှုပ်ပါဘူးကွယ် ။ အမကိုလိုက်ခွင့်ပြုနော်တူလေး ""

"" တော်ပါတော့ကွာ ! ဒါလီယာဝမ်လည်းလိုက်ခဲ့ ယိမ်းယိုင်မင်းလည်း ကားပေါ်တတ်တော့ အရမ်းနောက်ကျနေပြီ ""

"" ... ""

"" ဒါလီယာ မင်းလည်းလိုက်ခဲ့ ""

ဒါလီယာဝမ်နှင့် ကိုစိုးသူတို့ဟာ ငယ်ငယ်တုန်းက ကျောင်းနေဖက်အသိတွေပင် ။ သူငယ်ချင်းလည်းမဟုတ်သလို အရမ်းရင်းနှီးသည့်အထဲတွင်လည်းမပါပေ ။ နှစ်ယောက်စလုံးဟာလည်း ခပ်တန်းတန်းသာ ...

CHANDLER { Ongoing }Where stories live. Discover now