Part(25)Uni+Zaw

Comincia dall'inizio
                                    

"ဟာ အစ်မ ငါက အချစ်ကိုထားပြီး တစ်ခြားတစ်ယာက်ကို တွဲစရာလား အချစ်ဆီကနေတောင် ရုန်းလို့မရတာကို"

"မင်းက ရုန်းထွက်ချင်သေးတာလား"

"မထွက်ချင်ပါဘူး အချ်ဆီမှာ ပိုပြီးနစ်မွန်းချင်လို့"

"မင်းကတော့"

"ဟီး...ဟီး"

စိုင်းစဝ် ဝီလျှံရှိန်းကို ပြန်ပြောရင်း အရှေ့တွင် ဝီလျှံရှိန်း၏ အစ်မရှိနေသေးသည်ကို မေ့သွားသည်။

"အစ်မသွားတော့မယ်နော် မောင်လေးဆီမှာ အစ်မရဲ့ မောင်ကိုအပ်တယ်နော် "

"ဟုတ်ကဲ့ ဂရုစိုက်သွားပါအစ်မ"

"အွန်း  မောင်လေးက ချစ်စရာလေးနော် အယ်... အစ်မမောင်က မပြောနဲ့လို့ မှာထားပေမယ့် အစ်မက မနေနိုင်လို့ပြောမိသွားပြီ"

"အစ်မ သွားတော့ ပြန်ဖို့အဆင်ပြေတယ်မလား"

"ရတယ် စိတ်မပူနဲ့ ကလေးလေး နောက်မှ တွေ့မယ်နော်"

"ဗျာ ဟုတ်... ဟုတ်ကဲ့ အစ်မ"

ဝီလျှံရှိန်း၏ အစ်မသည် စိုင်းစဝ်တို့ အနားမှ ထွက်သွားလိုက်သည်နှင့် စိုင်းစဝ် စာကြည့်တိုက် ဘက်သို့ သွားလိုက်သည်။

"ကိုယ့်ရဲ့အချစ် သဝန်တိုတာလေးကို ချစ်လိုက်တာကွာ သဝန်တိုနေတာလေးတောင် အချစ်က ချစ်ဖို့ကောင်းတယ်"

"သေလေ မင်းကို ဘယ်သူကမှ သဝန်မတိုဘူး"

"ကိုယ့်ကို မမြင်လို့‌တို့ ကိုယ်ခေါ်တာမကြားတာတို့ မပြောနဲ့နော် အချစ် ၊ အချစ်ကြားမှန်း ကိုယ်သိတယ် အကွာအဝေးကလဲ မဝေးတဲ့အတွက် အချစ်မြင်မှန်းလဲ ကိုယ်သိတယ် "

"မင်းသိလဲ သိတဲ့အတိုင်းနေလိုက် ငါ့ကိုလာမစနဲ့"

စိုင်းစဝ် ဝီလျှံရှိန်း၏ ရင်ဘတ်အား ထုရိုက်လိုက်သည်။

"အချစ် အချစ်လက်ထိပ်က ဘာဖြစ်တာလဲ"

စိုင်းစဝ်သည် စိတ်ထဲအလိုမကျလျှင်ဖြစ်ဖြစ် တစ်ခုခု စိတ်လှုပ်ရှားလျှင် ဖြစ်ဖြစ် လက်ထိပ်အား ဖဲ့နေတတ်သည်။ ယခုလဲ အခုနက ဒေါသထွက်လာ၍ လက်ထိပ်အား စိပ်ထားသည်မှာ သွေးစလေးပင် ထွက်နေသည်။

Find Love Because Of you (Complete)Dove le storie prendono vita. Scoprilo ora