"တော်ပြီ..တော်ပြီ...!"

မျက်ဝန်းထောင့်မှ မျက်ရည်စလေးအား ချွမ်ရွေ့ သုတ်လိုက်တော့ ကလိထိုးနေခြင်းမှ ဂျီဝန်း ချက်ချင်းရပ်သွားသည်။

"မွ! morning kiss!!"

"အွန်း..ချစ်တယ်"

ပါးပြင်အား လက်နှစ်ဖက်ဖြင့်အုပ်ကိုင်ရင်း နမ်းပြီးမှ Ricky ‌အောက်သို့ဆင်းရလေ၏။နောက်ထပ်အနည်းငယ်သာ ထပ်ကြာသွားလျှင် သူမနက်စာပင်မမှီလိုက်မှာစိုးရိမ်ရပါသည်။

မနက်စာကိုလွယ်လွယ်ကူကူ ပုဇွန်ဆန်ပြုတ်ကိုသာ ပြုတ်လိုက်ပြီး အရံအနေနဲ့ ကြက်ဥနှင့် ဝက်အူချောင်းကိုပါကြော်လိုက်သည်။

ပုဇွန်ဆန်ပြုတ်မကျက်သေးခင်မှာပင် Kim Ji Woong တို့ အပေါ်ပိုင်းဗလာ အိပ်မှုန်စုပ်ဖွားဖြင့် မှုန်ကုပ်စွာ အိပ်ရာမှထလာတော့သည်။

"ဘာဖြစ်လို့လဲ..."

ဂျီဝန်းပုံစံကြောင့် ချွမ်ရွေ့ကြည့်ကာ ရယ်ရင်းခေါင်းတခါခါဖြစ်နေရသည်။ထိုလူဟာ သူ့ရှေ့ရောက်လာပြီး...‌လက်ထဲကဖုန်းကို ထိုးပေးလျက်..

"အိပ်လို့မရတော့ဘူး...မင်း‌ရဲ့ဖုန်းက ခဏခဏမြည်နေတယ်"

Rickyသိချင်ဇောဖြင့် ကြည့်လိုက်တော့...သူ့ဆီသို့တောက်လျှောက်ဆက်နေသူမှာ သူ့ညီHan Yu Jinပင်။

သူ့လက်ထဲဖုန်းရောက်သည်‌ရှိသေး....မဆိုင်းမတွပင် Ringtone သံက နောက်တစ်ဖန် ထွက်ပေါ်လာတော့သည်။

"Hello?"

"Hyung.... ဘာလို့ဖုန်းမကိုင်တာလဲ? ကျွန်တော် တစ်ကယ်စိတ်ပူနေတာ!!!"

စပီကာမဖွင့်ထားသော်လည်း ကင်မ်ဂျီဝွန်းက သူ့ပခုံးကိုမေးတင်ထားတာမို့ ဖုန်းထဲကအသံကို အတိုင်းသားကြားနေရသည်။

Han Yujin ထိုသို့ပြောလာသောအခါ Ricky Shen သူ့ပခုံးပေါ်မှိန်းနေသောလူထံသို့သာ မျက်စောင်းထိုးလိုက်ပါ၏။

"ဘာမှမဖြစ်ပါဘူး။‌ဖုန်းက အိပ်ရာထဲမှာကျန်ခဲ့လို့...ငါက အောက်ထပ်မှာရောက်နေတာလေ"

"ဟင်? Hyung..ကုမ္ပဏီကိုမသွားရဘူးလား?
နေမကောင်းလို့လား....."

"အာ...အဲ့လိုမဟုတ်ပါဘူး"

Fallin'Harder Où les histoires vivent. Découvrez maintenant