11

503 68 10
                                    

(After 5 years, We met again by Fate)

! UNICODE!

အချိန်စက်ဝန်းတို့သည် အစဉ်အမြဲရွေ့လျားနေသည်ဖြစ်ရာ မျက်စိတစ်မှိတ်အတွင်းပင် ဆောင်းဦးရာသီသို့ ရောက်ရှိလာခဲ့ပြန်ပြီ...

ကျင့်သားရနေပြီဖြစ်သောကြောင့် အအေးဒဏ်သည် သူ့အတွက် ထိုမျှမသည်းတော့ချေ။

ပျားပိတုန်းများ ဝတ်ရည်စုဆောင်းရာ ရာသီကျော်လွန်ပြီးသကဲ့သို့ နောက်တစ်ကြိမ်ပြန်လည်ရောက်ရှိလာသည့်တိုင်...သူသည်ဤ‌နေရာ၌ ရပ်မြဲတိုင်းရပ်နေခဲ့ဟန်တူ၏။

အချိန်ငါးနှစ်အတွင်း အဖြစ်အပျက်များစွာဖြစ်ပျက်ပြီးနောက် အရာအားလုံးဟာ နေသားတကျရှိလာခဲ့သည်။

သူသည်လည်း ကျောင်းပြီးကာစ လူငယ်လေးမှသည် နိုင်ငံရပ်ခြား၌ ကုမ္ပဏီတစ်ခုကို ဦးစီး‌ထူထောင်သူတစ်ယောက်အဖြစ် ပြောင်းလဲသွားပြီဖြစ်ရာ..လူမျိုးကွဲ မျက်နှာဖြူများနှင့်လည်း အတော်အသင့် ရောနှောနေထိုင်နိုင်ပြီဖြစ်သည်။

Ricky၏ အသက်မှာ 26နှစ်ရှိပြီဖြစ်သည်။
လူငယ်ဘဝက မှတ်ဉာဏ်များ သို့မဟုတ် နှလုံးသားကမူ မပြောင်းလဲသည့်တိုင် သူ့ထံတွင် လူငယ်ဘဝကနှင့်မတူပဲ လွန်စွာပြောင်းလဲသွား၏...

ရွှေဝါရောင်ဆံပင်ကိုသာ နှစ်သက်သည့်သူက ယခုမူ နက်မှောင်နေသောဆံသားများအား နှဖူးပြင်အတိလှန်တင်ထားရင်း လူကြီးလူကောင်းတစ်ယာာက် အငွေ့အသက်များဖြင့် ဖုံးလွှမ်းနေပြီဖြစ်ရာ...

အရင်က ခပ်တည်တည်ခပ်တန်းတန်းဖြင့်သာ လူတိုင်းကို လေကဲ့သို့ဆက်ဆံတတ်သော သူ့အကျင့်သည်လည်း စီးပွားရေးလောကထဲသို့ရောက်ပြီးနောက် လွန်စွာနှစ်သက်ဖွယ်ကောင်းသော မျက်နှာဖုံးတစ်ခုတပ်ကာ စီးပွားတူ ပူးပေါင်းသူများအား ဖက်လှဲတကင်း နှုတ်ဆက်ကြိုဆိုရပြန်၏။

"သူဌေး အကိုလေးYu Jinဆီက ဖုန်းဝင်လာပါတယ်"

ပြတင်းပေါက်အပြင်ဘက်အား မျက်နှာမူကာ အတွေးထဲ‌နစ်မြောနေဟန်ပေါ်သော ပုံရိပ်သည် အခိုးအငွေ့လို ချက်ချင်းပျောက်ကွယ်သွား၏။

"ကောင်းပါပြီ...ကျေးဇူး"

ထိုနောက် သူ့ထံသို့ဖုန်းပေးကာ လက်ထောက်မန်နေဂျာကောင်လေးမှာပြန်သွားတော့သည်။

Fallin'Harder Where stories live. Discover now