06

938 88 21
                                    

(Breeze and sweetness honey)

! UNICODE !

နေ့ရက်တွေကို ဆေးရုံ၌သာ ဖောဖောသီသီအသုံးချပြီးတဲ့နောက်မှာ Kim Ji Woong ဆေးရုံကဆင်းလာခဲ့သည်။

မဆင်းလို့လည်းမရ...ဆေးရုံကတောင် သူ့ကိုလက်မခံတော့ချေ။

ဤသို့ဖြင့် ငြီးငွေ့ဖွယ်ကောင်းသော နေ့တစ်နေ့၏မနက်ခင်း၌ သူ့အဖေခေါ်ဆောင်ရာ သတင်းစာရှင်းလင်းပွဲ၏ မီဒီယာများရှေ့ သားလိမ္မာသဖွယ် ဟန်ဆောင်ပြရသေးသည်။

ပိုက်ဆံအထပ်လိုက်ပုံပေးပြီးနောက်မှာ အဲ့သတင်းတွေကလဲ လူအများကြား သွားပုပ်လေလွင့်ပြောပြီးနောက် လျင်မြန်စွာပျောက်ကွယ်‌သွားချေပြီ....

"မင်း ငါ့ကို ဘယ်ခေါ်လာတာလဲ?"

ဘာမပြောညာမပြော ကျောင်းကနေ အတင်းဆွဲခေါ်လာတာမို့ အခုချိန်ထိ သူဘယ်ကိုသွားနေရမှန်း Ricky မသိသေးဘူး။

မပြေလည်မှုတွေပြီးတဲ့နောက်မှာ အရင်ကသူ့ကိုကြည့်မရခဲ့တဲ Ji Woong က သိသိသာသာပင် ကျောင်းမှာပါ သူ့အနားပဲ ကပ်နေတော့၏။

ထို့နောက် Ye Chan တို့ကပါ Ji Woong နောက်တစ်ကောက်ကောက်လိုက်ရင်း မကြာခင်မှာ Rickyကပါ သူတို့အဖွဲ့ဝင်ဖြစ်မှန်းမသိ ဖြစ်သွားရတော့တယ်....

"မင်းမဖြေရင် ကားကိုခုချက်ချင်းရပ်..."

နောက်ဆုံးတော့ Ji Woong လှည့်ကြည့်လာသည်။ထို့နောက် ချက်ချင်းပင် ကားလေးက city mallတစ်ခုထဲကွေ့လိုက်ပြီး car parking လျှင်မြန်စွာထိုးလိုက်တော့သည်။

"ဘာလို့မင်းက လောနေရတာလဲ? ရောက်ရင်သိမှာပေါ့..."

Rickyက လူများတဲ့နေရာတွေဆိုရင် မကြိုက်ဘူး။အထူးသဖြင့်...ဒီလိုမျိုး ပိုက်ဆံကို ရေလို ဖောဖောသီသီသုံးလို့ရတဲ့ နေရာတွေ...။

သူက အနုပညာအသိုင်းဝိုင်းထဲက တက်သစ်စလူငယ်လေးဖြစ်သလို အထူးသဖြင့် ဒီလို လူများတဲ့နေရာတွေကိုလဲရှောင်သင့်တယ်....ပုံမှန်တစ်ခုခု လိုအပ်တာ ရှိရင်တောင် သူ့ manager နဲ့ပဲ မှာလိုက်တာ ဖြစ်တယ်။

"မင်းကလေ...အမြဲတမ်း ဦးနှောက်ထဲမှာ ငါ့ကိုဘယ်လို အနိုင်ကျင့်ရမလဲဆိုတာပဲ တွေးနေပုံရတယ်!"

Fallin'Harder Waar verhalen tot leven komen. Ontdek het nu