05

789 85 27
                                    

(Love is like a roller coaster)

! UNICODE !

ဆေးရုံအခန်းငယ်ဟာ သိပ်မကျဉ်းသော်လည်း လူလေးယောက်ရပ်နေပြီးနောက် လေထုအပူချိန်လည်း တဖြေးဖြေး တိုးမြင့်လာကာ လူတိုင်းက တိတ်ဆိတ်လျှက်သားပင်ရှိနေကြသည်...

အမှန်ပင် K Group ဥက္ကဌက လူတိုင်းပြောကြသည့်အတိုင်းသဘောကောင်းပုံပေါ်ပြီး ဖော်ရွေမှုရှိတာကြောင့် ဥက္ကဌShen အနည်းငယ် ရှိုးတို့ရှန်းတန်းဖြစ်သွားသည်။

"ဒီကောင်လေး....ဒီကောင်လေးက အရင်ကတည်းက ပြဿနာရှာနေကြပါ။ဒီကိစ္စက သိပ်မကြီးပင်မဲ့ အခု မီဒီယာဘက်က ချပြလာတာမို့ အဲ့ဒီကနေ ကုမ္ပဏီရဲ့ဂုဏ်သိက္ခာထိခိုက်ပြီး ကျားချောင်းချောင်းနေတဲ့ စီးပွားရေးသမားတွေက ဒီနေရာကို ဝင်နေရာယူတော့မယ်လေ"

Ricky Shen အဖေမှာ အဆုံးထိ ကုမ္ပဏီရဲ့ ရှယ်ယာဈေးကွက်နဲ့ဂဏာန်းအတက်အကျကိုသာဂရုစိုက်ပြီး သူ့သားကိုနည်းနည်းလေးတောင် စိတ်ပူပုံမရချေ။

ထိုအရာအားကြည့်ပြီးနောက် ဥက္ကဌKimပင် မျက်ခုံးပင့်မိသွားသည်။ဆေးရုံကုတင်ပေါ်၌ထိုင်နေသော Kim Ji Woong ဆို ကြောက်ဖို့ကောင်းလောက်အောင် အကြည့်များစူးရဲနေတော့သည်။

Rickyကတော့ ကျင့်သားရနေ‌သည့်အလား မလှုပ်မရပ် တိတ်ဆိတ်စွာ လက်သီးများကိုသာ ကျစ်နေအောင်စုပ်ထား၏။

"အခုချက်ချင်းပဲ ကိုယ်တို့ မီဒီယာဘက်နဲ့ဆက်သွယ်ပြီး သတင်းတွေဖျက်ချဖို့ ပြောပြီးပါပြီ။နောက်ပြီး ပြောခဲ့တဲ့အတိုင်း....နောက်ရက် အနည်းငယ်ကျရင် ဒီလူဆိုးကောင်လေးကိုဆွဲပြီး လူထုကို ‌တရားဝင်တောင်းပန်ခိုင်းမှာပါ"

သူလိုချင်တဲ့အဖြေရသွားတဲ့အခါ ဥက္ကဌShenမျက်နှာသိသိသာသာ ပြေလျော့လာပြီး စီးပွားရေးဆန်လာ‌တော့သည်။

ပြောရရင် သူတို့ကုမ္ပဏီက K Group ကိုမယှဉ်နိုင်ဘူး။နောက်ပြီးအနာဂတ်မှာ ဒီKလုပ်ငန်းစုနဲ့ ပူးပေါင်းအလုပ်လုပ်ခွင့်ရရင် သူတို့ကုမ္ပဏီငယ်က ဘာစိုးရိမ်စရာမှရှိတော့မှာမဟုတ်ဘူးလေ....။

ဒါပင်မဲ့ နောက်မျိုးဆက်ဖြစ်တဲ့ အဲ့Kim Ji Woong နဲ့ ရင်းနှီးနေတဲ့ Ricky Shen က သူတို့ကုမ္ပဏီကိုဦးစီးမဲ့ သူ့သား Yu Jin အပေါ် ထိခိုက်မှုရှိလာနိုင်တယ်.....

Fallin'Harder Where stories live. Discover now