Ji Woong က မျက်လုံးကြီးမှိတ်ထားကာ သူ့ကိုယ်ပေါ်က ရှန်ချွမ်ရွေ့ကိုတော့ မလွှတ်တမ်း ဖက်ထား၏။

"အိပ်ချင်သေးတယ်...."

"......."

Missed callပေါင်းများစွာဟာ သေချာပေါက် သူ့အဖေနဲ့ ကုမ္ပဏီကပဲဖြစ်မှာ။

"ဒါဆို...မင်းနည်းနည်း ဆက်အိပ်လိုက်အုန်း...။ ငါ မနက်စာပြင် လိုက်အုန်းမယ်"

"ငါက မင်းနဲ့ပဲ အိပ်ချင်တာ"

ထိုလူဟာမျက်လုံးမဖွင့်ဘဲ သူ့လည်တိုင်ထက် ခေါင်းတိုးဝင်ကာ ကလေးတွေလို နှာခေါင်းဖြင့်ပွတ်နေပြန်သေးသည်။ထိုခံစားချက်မှာ ယားကျိကျိဖြင့် နေရခက်လှသည်။

"ကျစ်! Ji Woong!! လွှတ်ပေးလို့!!"

မိမိကို သူ့ကိုယ်ပေါ်၌ တင်ပြီးဖက်ထားရာမှ ဘေးကိုစောင်းလိုက်တော့ သူကအလိုလို Ji Woong ဘေး၌ လှဲလျက်သားဖြစ်သွားသည်။

ထိုလူဟာ မျက်လုံးဖြတ်ခနဲပွင့်လာရင်း....

"....ကိုကိုလို့ခေါ်ရင် လွှတ်ပေးမယ်"

ရှန်ချွမ်ရွေ့ကိုလာစမ်းနေသော ဒီလူ့အား သူပညာကောင်းကောင်းပြရမည်ပေါ့။ထို့နောက် ဟက်ခနဲရယ်လိုက်ရင်း....နောက်တစ်ဖန် သူကိုယ်တိုင် Ji Woong ကိုယ်ပေါ်သို့ တက်လိုက်တော့သည်။

ထို့နောက် Ji Woong ရဲ့ လည်တိုင်ကြားခေါင်းတိုးရင်း....

"...ကိုကို......မနက်စာလေးသွားပြင်ခွင့်ပြုပါနော်..."

ထိုသို့ပြောလိုက်သောအခါ ကင်မ်ဂျီဝန်း ကျေနပ်သွားပြီး သဘောကျစွာ ရယ်လေတော့သည်။

"‌ပေါင်ပေ့...ကိုယ်မနက်စာမစားဘဲ မင်းကိုစားရလည်း ဖြစ်တယ်နော်.."

မနေ့ညကတင် သူဘာဆိုတာ ချွမ်ရွေ့သိပြီးပြီမို့ သူ့ဘက်ကသာချက်ချင်း အလံဖြူထောင်လိုက်ရသည်။

"အာ...အာ..စတာ..စတာလို့ ခစ်ခစ်! မလုပ်နဲ့ ဂျီဝွန်း...ယားတယ်လို့!!!!"

အရင်သွားစမိတဲ့ ရှန်ချွမ်ရွေ့အဖို့...ဂျီဝွန်းလက်ထဲ တီကောင်ကဲ့သို့ တွန့်လိမ်နေပါ၏။မိမိခါးအား ကလိထိုးနေတာကြောင့်...မျက်ရည်များပင်ကျလုမတတ် အော်ရယ်နေ‌ရသည်။

Fallin'Harder Where stories live. Discover now