စိုင်းစဝ် အတန်းထဲသို့ ဝင်လာလိုက်သည်။ အတန်းရှေ့တွင်လဲ ကောင်မလေးများကို တွေ့ရသည်။ ဝီလျှံရှိန်းကတော့ သူ၏ ခုံတွင်ထိုင်နေသည်။

ဝီလျှံရှိန်းသည် သူ၏ဆံပင်အနက်ရောင်အား အညိုရောင်လေးဆိုးကာ အလယ်ခွဲ၍ ဆံပင်‌အား ကောက်ထားလေသည်။ ဝီလျှံရှိန်းနှင့် ယခုဆံပင်သည် တစ်မျိုးစီကွဲထွက်နေသည်မဟုတ်ဘဲ အလွန်ပင်လိုက်ဖတ်ညီနေသည်။ ဝီလျှံရှိန်းသည် အလွန်ပင်ကြည့်ကောင်းနေသည်။

'ဘယ်သူ့ကို ပြချင်လို့ အဲ့ဆံပင်က ချိန်းခဲ့ရတာဘဲ'

သူရ လမ်းတွင် ကိုယ်နှင့်အတူလာစဉ်က ပြုံးရွှင်နေသည့် စိုင်းစဝ်သည် အခန်းထဲ ဝီလျှံရှိန်းအားကြည့်လိုက် ၊ အခန်းရှေ့က ကျောင်းသူများအား ကြည့်လိုက်ဖြင့် တစ်ယောက်ထဲ တိုးတိုးပြောနေကာ ဆူပုတ်နေလေသည်။စိုင်းစဝ် စိုင်းစဝ် မင်းကတော့ ဆမ်းသီးတော့ ဆမ်းသီဘဲ(something)
Note/-Tiktokက ဆရာမပြောထားတာသဘောကျလို့ အဲ့အတိုင်းလေးရေးထားလိုက်တာပါ

စိုင်းစဝ် ဝီလျှံရှိန်းကို မကြည့်ဘဲ ခုံတွင်ဝင်ထိုင်လိုက်သည်။ သူရမထိုင်ရသေးချိန်မှာပင် ဝီလျှံရှိန်းက သူရ၏ခုံသို့ ဝင်ထိုင်လေသည်။

"မင်းဘယ်လိုဖြစ်နေတာလဲ ကိုယ့်နေရာကိုယ်ထိုင်လေ"

"ထိုင်မှာပါ ခနဘဲ အချစ်က ဘာဖြစ်တာလဲ ကိုယ့်ကို ပြော"

"ဘာမှမဖြစ်ဘူး သွားကိုယ့်နေရာပြန်ထိုင်တော့"

"အချစ်တစ်ခုခုဖြစ်နေတာကိုယ်သိနေတယ် ပြောပါ ဘာကိုအလိုမကျနေတာလဲ အချစ်မပြောရင် ကိုယ်အချစ်ကို ဖတ်နမ်းလိုက်မှာနော် ကိုယ့်အကြောင်းအချစ်သိတယ်မလား အခန်းထဲဆိုပြီး ကိုယ်ကရှောင်နေမှာ မဟုတ်ဘူးနော်"

"မင်း"

ဝီလျှံရှိန်း၏ လက်နှစ်ဖက်သည် စိုင်းစဝ်၏ ခါးပေါ်နေရာ ယူလာသည်။ ဝီလျှံရှိန်းက ကျွန်တော့်အနား အရမ်းကပ်လာသည်မို့ အခန်းထဲရှိ ကျောင်းသားများက ကြည့်နေကြသည်။

"မင်းရဲ့ဆံပင်ကို မကြိုက်လို့ ရှင်းပြီးလား"

"ဘာကို မကြိုက်တာလဲ"

Find Love Because Of you (Complete)Where stories live. Discover now