စိုင်းစဝ်၏ စာအုပ်အား ဖြဲလိုက်သည်။ မိန်းခ
လေး တစ်ယောက်နှင့် ရန်မဖြစ်ချင်၍ ဒီအတိုင်းနေသည်ကို ထိုတစ်ယောက် သူ့အား ရန်လာစနေသည်။ စိုင်းစဝ် ဆောင်းဟေမာန်အား ရန်တွေ့ရန်သွားလိုက်သည်။

"စိုင်းစဝ် တော်တော့ သူများတွေရှိတယ်"

ဝီလျှံရှိန်း စိုင်းစဝ်၏ လက်အားဆွဲကာ ပြောလာသည်။ ဘယ်အချိန်က စိုင်းစဝ်၏ အနောက်သို့ ရောက်နေသည်မသိပါ။

"မင်းလွှတ် ဝီလျှံရှိန်း ငါသူ့ကို တစ်ခုခု လုပ်ရမှ ကျေနပ်မှာ လွှတ်လို့"

ဆောင်းဟေမာန်က စိုင်းစဝ်အား မဲ့ပြုံးပြုံးကာ ကြည့်နေသည်။ ဆောင်းဟေမာန်၏ အကြည့်ကို မြင်လေ စိုင်းစဝ်ဒေါသထွက်လာသည်။

"ရှိန်း "

"ထွက်သွား အကုန်လုံးထွက်သွား "

ဝီလျှံရှိန်း၏ အော်သံကြောင့် ကျောင်းသားများ ဝိုင်းကြည့်နေရာမှ သွားလိုက်သည်။ စိုင်းစဝ် ဝီလျှံရှိန်းအား စိတ်ပျက်သော မျက်နှာဖြင့်ကြည့်ကာ ပြေယလိုက်သည်။

"ငါမင်းနဲ့ပတ်သတ်မိတာကိုက မှားတာ မင်းဆီက သေးသေးလေမျှော်လင့်မိတာကလဲ ငါ့အမှားဘဲ ငါ့ဘက်မှာတော့ မင်းရှိနေမှာလို့ ထင်ခဲ့မိတာ မင်းလဲ တစ်ခြားသူတွေမဲ့ အတူတူပါဘဲ"

စိုင်းစဝ် ဝီလျှံရှိန်း၏ လက်ကို ခါချကာ သန့်စင်ခန်းဘက်သို့ ထွက်လာခဲ့သည်။

သူကိုယ့်ကို မချစ်ခဲ့ဘူးဆိုလျှင်တောင် ကိုယ့်အတွက် ခင်မင်မှုလေးတော့ ရှိအုံးမှာပါလို့ ထင်ခဲ့မိတာ ကိုယ့်အမှားဖြစ်သည်။ စိုင်းစဝ် ဝီလျှံရှိန်းနှင့် ထပ်မပတ်သတ်ချင်တော့ပေ။

စိုင်းစဝ် အခန်းထဲ ပြန်ဝင်သွားချိန်တွင် သူရ၏ လွယ်အိတ်သာတွေ့ရသည်။ သူရအားမတွေ့ရပေ။စိုင်းစဝ် ခုံပေါ်တွင်သာ မှောက်အိပ်နေလိုက်သည်။ ဒီနေ့ဆရာမများမှာ စာသင်ချိန်မဝင်ကြဟု အတန်ငးခေါင်းဆောင်က ပြောလာသည်။

သူရ အခန်းထဲ ရောက်သည့်အချိန်တွင် စိုင်းစဝ်အားမတွေ့ရပေ။ ဝီလျှံရှိန်းကို တွေ့၍ မေးကြည့်ရာ သန့်စင်ခန်းဘက် သွားသည်ဟုဆိုသည်။ ပြီးနောက် ဝီလျှံရှိန်း အပြေးထွက်သွားသဖြင့် တီလျှံရှိန်း၏ အနောက်သို့လိုက်လာခဲ့သည်။

Find Love Because Of you (Complete)Where stories live. Discover now