Depending On The Heart (အပိုင်း25) Zawgyi

3K 50 3
                                    


ထမင်းစားဝိုင်းထဲထမင်းတွေကိုဇွန်းနဲ့ချေပြီးပါးစပ်ထဲတစ်လုပ်မှမရောက်သေးတဲ့သားဖြစ်သူကြောင့် ဖခင်ဖြစ်တဲ့ကိုယ့်ဘက်ကပဲစကားစလိုက်တယ် ကြည့်ရတာဒီကလေးတွေစကားများထားတဲ့ပုံ

''သားခက်တာ မုန်တိုင်းပြန်မလာသေးဘူးလား''

''သူအိမ်ပြန်နောက်ကျမယ်ပြောသွားပါတယ်Daddy''

''ဒီကောင်လေးတော့ ဘယ်တွေလျှောက်သဝေထိုးနေပြန်လဲမသိဘူး သားခက်တာကိုအိမ်မှာထားခဲ့ပြီး ပြန်လာမှအဖေဆူလိုက်မယ်သား စိတ်မကောင်းဖြစ်မနေနဲ့''

''ရပါတယ် သားဘာမှမဖြစ်ပါဘူးDaddy''

ခက်တာအနေနဲ့ဖခင်ဖြစ်သူတွေကိုစိတ်မကောင်းမဖြစ်စေချင်တာကတစ်ကြောင်း အဖေဖြစ်သူတွေကလဲမျက်နှာတွေပြတ်နေပြီ မုန်တိုင်းနဲ့အဖေတို့ကိုပြဿနာထပ်မတက်စေချင် ပြဿနာတက်ရင်ကြားထဲကအဖေတို့ကပဲစိတ်မကောင်းဖြစ်ဝမ်းနည်းကြရတာ ဟိုအရိုင်းစိုင်းကဝမ်းနည်းရကောင်းမှန်းသိတဲ့ကောင်မဟုတ်ဘူး

''သားလေး ထမင်းစားလေ ဘာလို့လဲသား စားမကောင်းဘူးလား''

''မဟုတ်ပါဘူး သားဗိုက်သိပ်မကောင်းလို့အဖေ''

''ဒါဆိုဆေးခန်းသွားကြမလား သား''

''သားအဆင်ပြေပါတယ် ဆေးသောက်လိုက်ရင်အဆင်ပြေသွားမှာပါ''

''ဒါဆို အဖေ ဆန်ပြုတ်လေးလာပို့လိုက်မယ် သားအခန်းထဲသွားနားတော့''

''ရပါတယ် သားမနက်မှပဲစားတော့မယ် သားအခုဘာမှစားချင်စိတ်မရှိသေးလို့''

''ဒါပေမဲ့ သားမနက်တည်းက.''

''လွှမ်း သားသဘောအတိုင်းလုပ်ပေးလိုက်ပါ တော်ကြာသူစိတ်ပိုရူပ်နေမယ် ''

''သား သွားနားလိုက်တော့''

ခေါင်းလေးငြိမ့်ပြီးသားဖြစ်သူအပေါ်တက်သွားပြီဆိုမှ ချစ်ရသူကိုနားလည်အောင်ရှင်းပြဖို့စကားစလိုက်တယ်

''အသက် သားကစိတ်မကောင်းဖြစ်နေတာလေ စိတ်တွေလဲရူပ်နေမှာအဲ့လိုအချိန်မှာမောင်တို့ဘက်ကသူလုပ်ချင်တာမလုပ်ခိုင်းရင်သူပိုပြီးရူပ်ထွေးသွားလိမ့်မယ် မောင်ပြောတာနားလည်လားအသက် သားလေးကိုနားခိုင်းလိုက်တာအဲ့တာကြောင့်''

Depending on the heart(On Going)Where stories live. Discover now