Depending on the heart(အပိုင်း4)

10.1K 405 21
                                    

Unicode

''သားငယ် ဘယ်သွားမလို့လဲ''

မနက်စော​စောစီးစီး မနက်စာမစားဘာမစားနဲ့ အပြင်ထွက်ဖို့ပြင်နေတဲ့ မုန်တိုင်းကို စိုးမိုးမေးလိုက်တယ်

''ခုချိန်ကစပြီး ဦးစိုးမိုးရာဇာက ကျွန်တော့်ကိစ္စတွေ ဘာတစ်ခုမှဝင်ပါဖို့မစဉ်းစားပါနဲ့ ကျွန်တော်အိမ်ပေါ်ကမဆင်းဘူးဆိုတာ ဒီအိမ်မှာ ကျွန်တော့်အမေရဲ့အငွေ့အသက်တွေအများကြီးရှိနေသေးတယ် ပြီးတော့ ဒီအိမ်က မေမေ့ အဖေ ဘိုးဘိုးပိုင်တဲ့အိမ် ဒါကြောင့် ဦးစိုးမိုးရာဇာနဲ့ ခဗျားအရူပ်ထုပ်တွေက အိမ်ပေါ်ကဆင်းသွားပေးပါ ကျွန်တော် နေ့လည်ပြန်လာတာနဲ့ခဗျားတို့ကိုမမြင်ချင်ဘူး''

ခပ်ပြတ်ပြတ်ပြောပြီး အပြင်ထွက်သွားပြီဖြစ်တဲ့သားကို စိုးမိုး ဆွဲတောင်မဆွဲလိုက်နိုင်

''မောင် လွှမ်းတောင်းပန်ပါတယ် လွှမ်းတို့ကြောင့် မောင်နဲ့မောင့်သားစကားများရပြီ မပြေလည်ကြတော့ဘူး''

စိုးမိုးရာဇာရဲ့ယောက်ကျားဖြစ်သူ လွှမ်းထက်မောင်က တောင်းပန်ရှာတယ် သူ့ကြောင့် စိုးမိုးတို့သားအဖချင်းမပြေလည်ကြတော့ဘူးဆိုတဲ့စိတ်လေးနဲ့

''အဲ့လိုမဟုတ်ပါဘူးကွာ သားကစိတ်ဆိုးလဲခဏပါ ''

''မောင် လွှမ်းတို့ ကွန်ဒိုတိုက်ခန်းလေးတစ်လုံးလောက်ဝယ်ပြီးနေကြမလား မောင့်သားကိုမျက်နှာချင်းဆိုင်ဖို့ လွှမ်းမရဲဘူးဖြစ်နေလို့ပါ''

''ကွန်ဒိုတိုက်ခန်းက မောင်ဝယ်ပြီးသားရှိပါတယ် အင်းစိန်ဘက်မှာ ဒါပေမဲ့ သားခက်တာရဲ့အလုပ်နဲ့ဆို ဒီအိမ်လေးကနီးတော့ ပိုအဆင်ပြေမယ်မလား မောင်တို့ပဲ ကွန်ဒိုနဲ့နေပြီး သားခက်တာကို ဒီအိမ်မှာပဲထားခဲ့လိုက်မယ်လေ သားငယ်တို့ညီအကိုချင်းလဲ ပိုရင်း''နှီး''ရှိအောင်''

''ဒါပေမဲ့ မောင့်သားက လွှမ်းကိုမုန်းတဲ့စိတ်နဲ့လွှမ်းသားကို နိပ်စက်လိုက် ထိုးလိုက်ကြိတ်လိုက်လုပ်မှာလွှမ်းကြောက်တယ်''

''အဲ့လိုမဖြစ်စေရပါဘူး မောင် အစောင့်တွေထားပေးပါမယ် နှစ်ဦးနှစ်ဖက်အဆင်ပြေတာပေါ့ မောင်လဲလွှမ်းနဲ့ အေး''ဆေး''နေရမယ် သားခက်တာလဲ Companyနဲ့နီး''နား''နေရမယ်''

Depending on the heart(On Going)Where stories live. Discover now