Depending on the heart(အပိုင်း2)

10.3K 468 5
                                    

မျက်နှာပေါ်ဖြာကျလာတဲ့နေရောင်ခြည်ကြောင့် မုန်တိုင်း အလိုလိုမျက်ခုံးတွန့်ချိုးမိတယ် မနေ့ညနေက စိတ်တိုတိုနဲ့အရက််တွေသောက်ပြီးအိပ်လိုက်တာ မနက်မိုးလင်းမှနိုးလာတယ် မျက်နှာသစ်ဖို့ ကုတင်ပေါ်ကဆင်းမလို့ လုပ်နေတုန်း သူ့အခန်းနားကိုလာနေတဲ့ ခြေသံကြားတာ​ကြောင့် ကုတင်ပေါ်ပြန်လှဲနေလိုက်တယ်
ခြေသံကကုတင်ဘေးအထိရောက်လာပြီးဆက်မကြားရတော့ဘူး နူးညံ့တဲ့လက်သေးသေးလေးတစ်ခုက သူ့နဖူးပေါ်ရောက်လာတယ်

''ညီလေး...ညီလေး...ထတော့လေ မိုးလင်းနေပြီ''

မျက်လုံးခပ်ဖွဖွဖွင့်ကြည့်တော့ ကောင်လေးတစ်ယောက် သူ့ထက်တော့ငယ်မယ်ထင်တယ် သူ့ကိုဘာလို့ညီလေးလို့ခေါ်နေတာလဲ? မျက်ခုံးလေးကမဲနက်နေပြီး မျက်လုံးလေးကဝိုင်းစက်နေတယ် နှာသီးဖျားလေးကခပ်ရှည်ရှည်ကို ပန်းရောင်လေးသန်းနေတယ် မထူမပါးတဲ့ပန်းဆီရောင်နူတ်ခမ်းလေးနဲ့ထိုလူက သူ့ကိုညီလေးဆိုတဲ့နာမ်စားနဲ့ခေါ်နိူးနေတာကြောင့်သိပ်တော့ ဘဝင်မကျ မုန်တိုင်းရင်ဘက်ကို မထိရဲထိရဲနဲ့ နူးညံ့တဲ့လက်ကလေးတွေနဲ့လူပ်နိူးနေသည်က အလွန်အသဲယားဖို့ကောင်းတာကြောင့် ထိုလူလက်ကိုဆွဲချလိုက်တော့ သူ့ရင်ခွင်ထဲ မျက်နှာအပ်လာတဲ့ထိုလူ

''ညီ...ညီလေး''

အသံလေးကတုန်နေပြီး တစ်စုံတစ်ခုကိုကြောက်လန့်နေတဲ့ပုံပေါ်တယ်

''လူမူရေးနားမလည်ဘူးလား? သူတစ်ပါးအိပ်နေရင်တိတ်တိတ်နေ​ပေးရတယ်''

''မဟုတ်ဘူး..Daddyက ညီလေးကိုနိူးခိုင်းလိုက်လို့''

Daddyကတဲ့လား မဟုတ်မှ ဒီလူက..

''ခဗျားဘယ်သူလဲ?''

သူ့ရင်ခွင်ထဲ မျက်လုံးဝိုင်း''လေးနဲ့မော့ကြည့်လာတဲ့ထိုလူ

''အကိုပြောပါ့မယ် ခုလောလောဆယ် အကို့လက်ကိုအရင်လွှတ်ပေးပါ အကိုအသက်ရူကျပ်တယ် ညီလေး..''

အကို? သူ့ကိုယ်သူအကိုတဲ့လား
အလိုမကျစွာ ရင်ခွင်ထဲကနေထိုလူကိုတွန်းထုတ်ပြီး ထထိုင်လိုက်တယ် ကုတင်ဘေးကို ယိုင်သွားတဲ့ထိုလူကစိတ်ဆိုးပုံတစ်ခုမှမပေါ် စိတ်မဆိုးတတ်တာလား သည်းခံစိတ်မြင့်မားနေတာလားတော့မသိ

Depending on the heart(On Going)Where stories live. Discover now