''မရဘူး! ကျွန်တော်လက်မခံဘူးDaddy! ''
တိတ်ဆိတ်လှတဲ့အိမ်တော်ကြီးထဲ 18 နှစ်အရွယ် ကောင်လေးတစ်ယောက်ရဲ့ဒေါသနဲ့အသံဟာဟိန်းထွက်သွားတယ်
''လက်မခံလို့မရဘူးသား အဖေတို့ရုံးတက်လက်မှတ်ထိုးပြီးပြီ ဒီနေ့ပဲသူတို့ အဖေတို့အိမ်တော်ကိုပြောင်းလာလိမ့်မယ်''
ဝုန်း!!
ဧည့်ခန်းထဲက သစ်သားနဲ့ပြုလုပ်ထားတဲ့စားပွဲတစ်လုံးကိုကန်ထုတ်လိုက်တဲ့အသံက အိမ်တော်အပြင်မှာရပ်နေတဲ့ အစေခံတွေတောင် တွန့်သွားတဲ့အထိ
''ဦးစိုးမိုးရာဇာ! ကျုပ်အမေသေသွားတာတစ်လမပြည့်သေးဘူး ခဗျားကနောက်မိန်းမအိမ်ပေါ်ခေါ်တင်တယ်တဲ့လား! ခဗျားလုပ်ရပ်တွေအရမ်းမှန်နေတယ် ထင်နေလားဦးစိုးမိုးရာဇာ!!!''
''Daddyလုပ်ရပ်ကမှန်မနေဘူးဆိုတာDaddyသိတယ် ဒါပေမဲ့..''
''ဒါပေတွေ မဲ့ မနေနဲ့ Mommyသေသွားတာတစ်လတောင်မပြည့်သေးပဲအိမ်ပေါ်ခေါ်တင်တယ်ဆိုထဲက ခဗျားတို့ဘယ်အချိန်ထဲကခိုးစားနေလဲမှမသိတာ ချမ်းသာတဲ့လူမြင် ခြူစားချင်တဲ့ xာသယ်မတွေ မြန်မာနိုင်ငံထဲတော်တော်ပေါလာတာပဲ ခဗျားခေါ်လာရင် ခေါ်လာတဲ့မိန်းမမှန်သမျှအကုန်ရိုက်သတ်ပစ်မယ်!''
''မုန်းတိုင်းဒဏ်''
မုန်တိုင်းခပ်မဲ့မဲ့ပြုံးလိုက်ပြီး သူ့အဖေမျက်လုံးကိုစေ့''ကြည့်လိုက်တယ်
''အဟက်! ဘာလဲအနာပေါ်တုတ်ကျသွားလား''
စိုးမိုး စိတ်ကိုအတတ်နိုင်ဆုံးလျော့လိုက်တယ်
''လွှမ်းက အဲ့ဒီလို လူမျိုးမဟုတ်ဘူး ပြီးတော့ သူကမိန်းကလေးမဟုတ်ဘူး ယောက်ကျားလေးပဲ''
မုန်တိုင်းအံ့သြလွန်းလို့ပါးစပ်အဟောင်းသားဖြစ်သွားတယ်
''ကျုပ်အမေကွယ်ရာမှာ ယောက်ကျားတစ်ယောက်နဲ့ခိုးစားတယ်တဲ့လား ဦးစိုးမိုးရာဇာ!! ခဗျားနဲ့ကျုပ်ဒိအချိန်ကစပြီး ဘာပက်သက်မူမှမရှိတော့ဘူး!''
ပြောပြီးပြီးချင်း ဆိုဖာကိုစောင့်ကန်သွားပြီး လှေကားပြိုကျမတတ်ခြေလှမ်းတွေနဲ့အပေါ်တက်သွားတဲ့သားဖြစ်သူကြောင့် စိုးမိုးစိတ်တွေရူပ်ထွေးကုန်တယ်
YOU ARE READING
Depending on the heart(On Going)
Romanceမုန်တိုင်းဒဏ် - ''ခဗျားကိုလဲမုန်းတယ် ခဗျားအဖေကိုလဲမုန်းတယ် ကျုပ်အဖေကိုလဲမုန်းတယ် ခဗျားကိုတော့ရအောင်ယူမှာ မုန်းလွန်းလို့'' ခက်တာလွန်း - ''ဖြစ်ပျက်ခဲ့တာတွေကမင်းအပေါ်မတရားဘူးဆိုတာသိပေမဲ့ ကံကြမ္မာရဲ့လှည့်စားမူတစ်ခုလို့ပဲသတ်မှတ်လိုက်ပါ အငြိုးအတေးတွေထားတာ...