Depending On The Heart(အပိုင်း19)

9.7K 326 62
                                    

Unicode

Hospital

သားဖြစ်သူဆိုင်ကယ်နဲ့ကားချိတ်မိတယ်ဆိုလို့ စိတ်ပူလွန်းနေတဲ့ ဦးရာဇာ ဆေးရုံထဲစဝင်ပြီဆိုတာနဲ့ ဓာတ်လှေကားကလူပြည့်သွားလို့စောင့်နေရမှာစိုးတာနဲ့ လှေကားကနေပဲတက်ခဲ့လိုက်တော့တယ်

''အသက် ဓာတ်လှေကားစောင့်စီးလိုက် မောင် လှေကားကပဲ တက်လိုက်တော့မယ်''

''မောင်ရယ် ခဏပဲစောင့်ရမှာပါ လေးထပ်ထိဆက်ရမှာလေမောင်''

''ရတယ်အသက် မောင်သွားပြီ''

လှေကားကနေ မပြေးရုံတမယ်အမြန်တက်သွားတဲ့ခင်ပွန်းဖြစ်သူကြောင့်လွှမ်းလဲဘာမှပြောမနေတော့ မောင် သူ့သားကိုဘယ်လောက်ချစ်တယ်ဆိုတာသူ့အပြင်ဘယ်သူကသိနိုင်ဦးမှာလဲ သူ့သားကိုဆူပြီးတိုင်း သူ့ကိုယ်သူအပြစ်တင်လို့မဆုံး သူ့သားကိုလက်ပါမိခဲ့ရင်လဲ သူ့ကိုယ်သူပြန်အနာတရဖြစ်အောင်ကလုပ်တတ်သေးတယ် သူ့သားရှေ့မှာတော့ သူ့သားကိုမလိုသလိုဟန်ဆောင်နေပေမဲ့တကယ်တမ်းကြ မောင်ဟာဖခင်ကောင်းတစ်ယောက်ထက်ကိုပိုပါတယ် မိဘမေတ္တာဆိုတာ ဘာနဲ့မှနိူင်းယှဉ်လို့မရပါလား

''အော်.... မောင်ရယ် ''

အတွေးများနေတုန်း ဓာတ်လှေကားပွင့်လာပြီဖြစ်တဲ့အတွက်ခပ်သွက်''လေးဝင်လာလိုက်တော့တယ်

----------------------

'' လွန်ခဲ့တဲ့တစ်နာရီဝန်းကျင်က ဆိုင်ကယ်နဲ့ကားချိတ်မိလို့ဒီဆေးရုံရောက်လာတဲ့မုန်တိုင်းဒဏ်ရဲ့ဖခင်ပါ ကျွန်တော့်သားအခန်းလေးလိုက်ပြပေးလို့ရမလား''

''အော် ဟုတ်ကဲ့ ရပါတယ်ရှင့် ကျွန်မနောက်ကလိုက်ခဲ့ပေးပါနော်''

လှေကားကနေခပ်မြန်မြန်မမောမပန်းတက်လာလို့လေးထပ်မြောက်ကိုရောက်ပြီဆိုတာနဲ့ပြတင်းပေါက်ရှေ့
ရပ်နေတဲ့ သူနာပြုမိန်းကလေးကိုမေးမြန်းပြီး နောက်ကလိုက်ခဲ့လိုက်တော့တယ်

''ဒီအခန်းပါပဲရှင့်''

ပြောပြပြီးတာနဲ့ဦးညွတ်အရိုသေပေးပြီးသူနာပြုမလေးကထွက်သွားတော့ အခန်းထဲခပ်မြန်မြန်ဝင်လာတော့ ကုတင်ပေါ်က လူနာမျက်နှာပေါ်မှာ အဖြူရောင်ပိတ်စပါးအုပ်လိုက်ကြပြီ

Depending on the heart(On Going)Where stories live. Discover now