Depending On The Heart (အပိုင်း18)

10.3K 387 39
                                    


ဒေါက်....ဒေါက်...

''လွှမ်း...မောင်ပြင်ဆင်စရာရှိတာအကုန်ပြင်ဆင်ခဲ့ပြီ သွားကြရအောင်''

သားအဖနှစ်ယောက် အလွမ်းသယ်နေကြတုန်း တံခါးခေါက်သံကြောင့် မျက်ရည်လေးတွေသုတ်လိုက်ပြီး သားအတွက် လိုအပ်တာလေးတွေစုစောင်းထည့်လိုက်တယ်

''ကားပေါ်မှာစောင့်နေမောင် လွှမ်းတို့လာခဲ့မယ်''

''အဖေ သားဘာသာလုပ်လိုက်ပါ့မယ်အဖေ Daddyနဲ့အတူစောင့်နေလိုက်ပါ''

''ခက်တာ အဖေပဲလုပ်လိုက်မယ် သားက ငြိမ်''လေးသာထိုင်နေ သားနာနေသေးတာ အဖေသိတယ်''

''အဖေ သား''

''ကဲ အဖေငြိမ်ငြိမ်နေလို့ပြောနေတယ်မလား ငယ်ငယ်ကလို ဝခြမ်းပြားနဲ့ရိုက်ရမှာလားခက်တာလွန်း''

ခက်တာလဲစိတ်ထဲမကောင်းပေမဲ့ ဘာမှမပြောပဲ အဝတ်အစားလဲပြီးတာနဲ့တိတ်တိတ်ကလေး ထိုင်နေလိုက်တယ်

''သား အဆင်သင့်ပြီဆိုသွားရအောင် လေယာဥ်နောက်ကျနေမယ်''

''သွားရအောင်အဖေ''

ခက်တာက မိုးပြာရောင်Tshirtကို ဂျင်းဘောင်းဘီအရှည်လေးနဲ့ နဂိုထဲကအသားဖြူတဲ့ခက်တာက ပိုပြီးဆွဲဆောင်မူရှိနေတယ် အဖေဖြစ်သူကလဲ နီညိုရောင်ကွက်ကြား အင်းကျီိနဲ့ ပုဆိုးအနီရောင်လေးနဲ့ဆိုတော့
သားအဖနှစ်ယောက်က သားအဖနဲ့မတူပဲ အများအမြင်ညီအကိုလို့ထင်ရလောက်အောင်ကို လွှမ်းဆိုတဲ့ခက်တာလွန်းအဖေကအရမ်းချောမောပါတယ် နှစ်ယောက်သား ခက်တာအခန်းထဲကထွက်လာတော့ ဘေးအခန်းက တံခါးကို တဝုန်းဝုန်းထုသံကြောင့် ခက်တာစိတ်ထဲပေါ်လာတာက

''အဖေ အဲ့တာ''

''ခုသွားရမယ့်နေရာကိုပဲဂရုစိုက်သား အခြားအရေးမပါတာတွေဂရုမစိုက်နဲ့''

ခက်တာလဲခေါင်းငြိမ့်ပြပြီး ဖခင်ဖြစ်သူနဲ့အတူ အောက်ထပ်ကိုဆင်းလာလိုက်တော့ Daddyမျက်နှာကသုန်မူန်နေတယ် အင်းလေ သူလဲ သူ့သားနှစ်ယောက်ကြားဆိုတော့ အရမ်းဗြာများပြီးစိတ်မကောင်းဖြစ်နေရမှာပဲ

''Daddy သား''

''အသက် ဘာလို့ကလေးတစ်ယောက်လိုဝတ်လာတာလဲ ပြန်သွားလဲ''

Depending on the heart(On Going)Hikayelerin yaşadığı yer. Şimdi keşfedin